
ပါဝင်ပစ္စည်းများ
ရေနွေး – အနည်းငယ်
ပွဆေး – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
ဂျုံ – ၁၂၀ ဂရမ်
ဆား – အနည်းငယ်
ဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Oregano Powder – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
သရက်သီးအနှစ် – ၈၀ ဂရမ်
နို့ဆီ – စားပွဲဇွန်း ၂ ဇွန်း
Mozzarella Cheese – ၁ဝဝ ဂရမ်
Almon Flat – အနည်းငယ်
စပျစ်သီးခြောက် – အနည်းငယ်
ပြုလုပ်နည်း
၁။ ဦးစွာ ရေနွေးအနည်းငယ်ထဲ သကြားနှင့် ပွဆေး ထည့်ဖျော်ပြီး ခဏထားပါ။
၂။ ဇလုံတစ်လုံးထဲ ဂျုံ၊ ဆီ၊ ဆား၊ Oregano Powder ထည့်ပြီးမွှေပါ။ ပြီးလျှင် ရေဖျော်ထားတဲ့ ပွဆေးထည့်ပြီး မုန့်သားကို အားရပါးရ လက်နဲ့ နှံ့စပ်အောင် နယ်ပြီး ၁ နာရီခန့် နှပ်ထားပါ။
၃။ သရက်သီးအနှစ်နှင့် နို့ဆီကို ရောပြီး ဖျော်ထားပါ။Mozzarella Cheese ကိုလည်း ခြစ်ထား ပါ။
၄။ နှပ်ထားတဲ့ မုန့်သားကို အချိန်စေ့သွားပြီဆိုလျှင် ဂျုံမှုန့် အနည်းငယ်အသုံးပြုပြီး ဖျန်းပေးပါ။ မုန့်သားကို အဝိုင်းပုံလေးဖြန့်ပြီး အနားလေးကို လုံးပေးလိုက်ပါ။ ပြီးလျှင် ဖုတ်မည့်ဗန်းထဲ ထည့်ထားပါ။
၅။ အသင့်ဖြစ်နေတဲ့ မုန့်သားပေါ်ကို ဖျော်ထားတဲ့ သရက်သီးအနှစ် သုတ်ပေးပါ။ ပြီးလျှင်
Almon Flat, စပျစ်သီးခြောက်လေးဖြူးပြီး ခြစ်ထားတဲ့ Mozzarella Cheese ကိုဖြူးပါ။ ပြီးလျှင် အပူချိန် ၁၈၀ ဒီဂရီနှင့် ၅ – ၁၀ မိနစ်အတွင်း ဖုတ်ပါ။ ပြီးလျှင် အရသာရှိတဲ့ Pizza လေး ရပါပြီ။