Charcol Apple Pie

by စောဆာမူလား for Food Magazine

Charcol Powder မရှိရင် Pie Dough မှာ ရိုးရိုး Pie Dough ပဲ လုပ်လို့ရပါတယ်။ ပန်းသီးအစား သစ်တော်သီးနှင့် နာနတ်သီးတို့ကို သုံးလို့ရပါတယ်။

Charcol Pie အတွက် ပါဝင်ပစ္စည်းများ

ကိတ်ဂျုံ-  ၂ဝဝ ဂရမ်

ထောပတ်-  ၈၀ ဂရမ်

ရေခဲရေ-  ၆၀ ဂရမ်

ဆား-  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်ဥ-  စားပွဲဇွန်း ၄ ဇွန်း

Charcol Powder –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

၁။        ရေခဲရေ၊ ဆား၊ ကြက်ဥနှင့် Charcol Powder တို့ကို ရော၍ ကြက်ဥကြေပြီး ဆားပျော်အောင် မွှေပါ။

၂။         ကိတ်ဂျုံနှင့် ထောပတ်ရော၍ ဆက်မွှေပါ။  ၁ မိနစ်ခန့် မွှေပြီး ဂျုံသားကို ဆွဲကြည့်လျှင် ပြတ်ထွက်နေရပါမယ်။ လိုအပ်တာထက် အကြာကြီး မမွှေပါနှင့်။

၃။        Pie ဂျုံသားကို နှစ်ပိုင်းပိုင်းပါ။ ဂျုံသားမကပ်အောင် စားပွဲပေါ်  ဂျုံအနည်းငယ်ဖြူး၍ တလိမ့်တုံးဖြင့် ဂျုံသားတစ်ခုကို 0.2cm အထူအပါးခန့်ရအောင် လှိမ့်ပါ။ Pie မိုခွက်ကို ဆီသုတ်၍ ဂျုံအနည်းငယ်ကို သုတ်ထားသော ဆီအပေါ်သို့ မကပ်အောင် ဖြူးပြီး လိပ်ထားသော Pie ဂျုံသားကို မိုခွက်ထဲ ထည့်ပါ။ လက်ကျန် Pie ဂျုံသားကိုလည်း 0.2cm အထူအပါးခန့်လှိမ့်ထားပါ။ အဆာထည့်ပြီး အပေါ်ကိုအုပ်ရန် ဖြစ်ပါတယ်။

(Apple Filling) ပန်းသီးအဆာထည့်ရန် ပါဝင်ပစ္စည်းများ

ပန်းသီး-  ၄ လုံး

ထောပတ်-  ၂၀ ဂရမ်

သကြား-  ၄၀ ဂရမ်

သစ်ကြံပိုးခေါက်အမှုန့်-  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြောင်းဖူးဂျုံ-  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။        ပန်းသီးကို အခွံနွှာ၍ အစေ့ဖယ်ပြီး အစိတ်သေးသေးလေးများ လှီးပါ။

၂။         ပြောင်းဖူးဂျုံမှလွဲ၍ ပါဝင်ပစ္စည်းအားလုံး အိုးထဲထည့်ပြီး ပန်းသီးအနည်းငယ် ပျော့လာသည်အထိ ချက်ပါ။ ပန်းသီးအနည်းငယ် ပျော့လျှင် ပြောင်းဖူးဂျုံကို ရေအေးအနည်းငယ်နှင့် ရော၍ ထည့်မွှေပါ။ ၁ မိနစ်အတွင်း အရည်များစေးပြည့်သွားလျှင် မီးဖိုပေါ်မှချပြီး အနည်းငယ် နွေးလာအောင် အအေးခံပါ။

၃။        အဆင်သင့်ပြုလုပ်ထားသော Pie ခွက်ထဲ ပန်းသီးများ ထည့်ပါ။ (Pie Shell)  ဖိုင်သားအပေါ်  ဘေးပတ်ပတ်

လည်ကို ရေသုတ်ပြီး အဆင်သင့်ဖုံးရန် လှိမ့်ထားသော Pie သားကို အပေါ်မှအုပ်ပြီး ဘေးနှုတ်ခမ်းများကို ပတ်ပတ်လည်ကပ်နေအောင် ဖိပေးပါ။ ဖုံးထားသောအပေါ် Pie Shell အလယ်ကို ဓားဖြင့် အနည်းငယ် အပေါက် ဖောက်ပါ။ မဖောက်မိလျှင် အပူရှိန်ကြောင့် အပေါ်မှ ဖောင်း၍ ကွဲထွက်နိုင်ပါတယ်။ Pie Shell အလယ်ကို ဓားဖြင့် အနည်းငယ်အပေါက်ဖောက်ပါ။ မဖောက်မိလျှင် အပူရှိန်ကြောင့် အပေါ်မှ ဖောင်း၍ ကွဲထွက်နိုင်ပါတယ်။ Pie Shell အပေါ်ကို ကြက်ဥသုတ်၍ အပေါ်အောက်မီးအပူချိန် 200˚C နှင့် ၄၅ မိနစ်ခန့် ြွကပ်အောင်ဖုတ်ပါ။ ြွကပ်လျှင် အနည်းငယ်နွေးအောင်ထားပြီး အရသာရှိစွာ လက်ဖက်ရည်၊ ကော်ဖီတို့ဖြင့် စားသုံးနိုင်ပါတယ်။

Facebook Comments