
by စောဆာမူလား for Food Magazine
ပေါင်မုန့်ပျော့ (Soft Bread) အမျိုးအစားနဲ့ လုပ်ထားတာ ဖြစ်ပါတယ်။ အနံ့နဲ့ အရောင်များများလိုချင်ရင် ပိုထည့်လို့ရပါတယ်။ သိပ်မကြိုက် ရင်တော့ လက်ရှိပမာဏထက် Charcol Powder ကို လျှော့ထည့်လို့ရပါတယ်။
ပါဝင်ပစ္စည်းများ
ပေါင်မုန့်ဂျုံ- ၂၅၀ ဂရမ်
Yeasr (ပွဆေး) – ၈ ဂရမ်
သကြား- ၂၅ ဂရမ်
ကြက်ဥ- ၁ လုံး
ထောပတ်- ၂၀ ဂရမ်
ဆား- ၅ ဂရမ်
Charcol – ၁၀ ဂရမ်
ရေ- ၁၂၀ ဂရမ်
ပြုလုပ်နည်း
၁။ ရေ၊ Yeast (ပွဆေး)၊ သကြား၊ ကြက်ဥနှင့် Charcol တို့ကို စက်ထဲထည့်ပြီး မွှေတံဖြင့် ရော၍ မွှေပါ။
၂။ ဂျုံ၊ ထောပတ်ရော၍ Medium Speed ဖြင့် မွှေပါ။ ၁ မိနစ်ကြာလျှင် ဆားကို ထည့်၍ ဆက်မွှေပါ။ ဂျုံသားကို လက်ဖြင့်ဖိပြီး ဖြည်းဖြည်းဆွဲကြည့်ပါ။ ဂျုံသား မပြတ် မပြဲထွက်ဘဲ ပါးသွားလျှင်၊ အကြောလိုမရှိတော့လျှင် မုန့်နယ်တာ တော်လို့ရပါပြီ။ အချိန်နဲ့ဆိုလျှင် Medium Speed နဲ့
၁၀ မိနစ်ခန့် ကြာအောင် နယ်ရပါမယ်။
၃။ ဂျုံသားကို လုံးပြီး ဇလုံထဲထည့်၍ အပေါ်မှာ ဂျုံသားမခြောက်အောင် ပလတ်စတစ်ဖြင့် ဖုံးပြီး ၂၀ မိနစ်ခန့် အနားပေးပါ။ နဂိုမူလ ဂျုံလုံးထက် တစ်ဆနီးပါးကြီးလာလျှင် ရပါပြီ။ အဲဒီအတိုင်း နှစ်ကြိမ်အနားပေးပါ။
၄။ ဂျုံတစ်လုံးကို ၄၀ ဂရမ်စီ ချိန်ပြီး အလုံးလေးများ လုံး၍ အပွခံပါ။ ၁၅ မိနစ်ခန့်ကြာလျှင် ကြက်ဥကို ခလောက်၍ တစ်ဝက်ပွနေသော ဂျုံလုံးလေးများအပေါ် မှာ ကြက်ဥသုတ်ပြီး နှမ်းစေ့များဖြူးကာ ပြန်၍ မိနစ် ၂၀ ခန့် နဂိုမူလထက် တစ်ဆနီးပါးပွလာအောင် အပွခံပါ။
၅။ အပေါ်အောက် မီးအပူချိန် 200˚C တင်ထားပြီးသော မီးဖိုထဲ ပွနေသော ပေါင်မုန့် များကို ၈ မိနစ်ခန့် ထည့်ဖုတ်ပါ။ ကျက်သွားပြီး ပေါင်မုန့်များကို အပြင်ထုတ်၍ အအေးခံပြီး လက်ဖက်ရည်၊ ကော်ဖီဖြင့် အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။ မိမိကြိုက်နှစ်သက်သော အသားများနဲ့လည်း ညှပ်ပြီး စားသုံးနိုင်ပါတယ်။