
Charcol Powder အစား Coco Powder သုံးပြီး Chocolate Cheese Cake လုပ်လို့ရပါတယ်။ ဒိန်ချဉ်အစားSource Cream သုံးလို့ရပါတယ်။ ဒိန်ချဉ်၊Source Cream မရှိရင်တော့ Heavy Cream ကို အစားသုံးနိုင်ပါတယ်။ အချဉ်လိုချင်ရင် သံပရိုသီးအရည် ထည့်ပေးလို့ရပါတယ်။
စောဆာမူလား for Food Magazine
ပါ၀င္ပစၥည္းမ်ား
ခရင်မ်ချိစ်- ၄ဝဝ ဂရမ်
သကြား- ၁ဝဝ ဂရမ်
ပြောင်းဖူးမှုန့်- ၁၀ ဂရမ်
ကြက်ဥ- ၆ လုံး
ဒိန်ချဉ်- ၁ဝဝ ဂရမ်
Heavy Cream – ၅၀ ဂရမ်
Charcol Powder – ၁၅ ဂရမ်
Cookies Base ပါဝင်ပစ္စည်းများ
ကွတ်ကီး- ၂ဝဝ ဂရမ်
ထောပတ်အရည်- ၁၀ ဂရမ်
ပြုလုပ်နည်း
ကွတ်ကီးကို ခြေပြီး ထောပတ်အရည်ဖြင့် ရောမွှေပါ။ ပြီးလျှင် ဖုတ်မည့်မိုခွက်ထဲ ဖိသိပ်၍ ထည့်ပါ။ 0.3 cm အထူအပါးခန့်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းပါ။
ခ်က္နည္း
၁။ ခရင်မ်ချိစ်၊ သကြားနှင့် ပြောင်းဖူးမှုန့်ရော၍ ခရင်မ်ချိစ် ဖြူပြီး ပွလာအောင် ရိုက်ပေးပါ။
၂။ ကြက်ဥ ၆ လုံးကို သုံးခါခွဲ၍ ထည့်ပြီး သကြားကြေသည်အထိ ဆက်ရိုက်ပါ။ သကြားကြေလျှင် ဒိန်ချဉ်၊ Heavy Cream, Charcol Powder များကို ဆက်၍ ရောမွှေပါ။ အရောင်အားလုံးရောသွားလျှင် ရပါပြီ။
၃။ Cookies Base ပြုလုပ်ထားသော ကိတ်မိုခွက်ကို ရေခဲသေတ္တာထဲမှ ထုတ်၍ ချိစ်ကိတ်အရည်ကို လောင်းထည့်ပြီး အပေါ်မီးအပူချိန် 160˚C နှင့် အောက်မီး အပူချိန် 170˚C ဖြင့် ၁ နာရီခန့် ဖုတ်ပါ။ ချိစ်ကိတ်မိုခွက်ကို ရေ လက်တစ်လုံးခန့် ထည့်ထားသော ဗန်းထဲ ထည့်ဖုတ်ရပါမယ်။ မီးအပူချိန်ကို ၁၅ မိနစ် ကြိုပြီး ဖွင့်ထားဖို့ လိုပါတယ်။ မီးဖိုထဲ မီးအပူချိန်ပြည့်မှ ဖုတ်ရမှာဖြစ်ပါတယ်။ ချိစ်ကိတ် ကျက်မကျက်ကို မုန့်အလယ်တည့်တည့်ကို လက်ဖြင့် ညင်သာစွာဖိကြည့်ပါ။ မုန့်သားမာပြီး လက်မှာ မုန့်နှစ်ကပ်မပါလျှင် ချိစ်ကိတ်ကျက်ပါပြီ။ မုန့်သားအရေလိုဖြစ်ပြီး လက်မှာ မုန့်နှစ်ကပ်ပါလာလျှင် မကျက်သေးပါဘူး။ အချိန်အနည်းငယ် ပြန်ဖုတ်ပါ။
Charcol Cheese Cake ကို အပြင်မှာ ၁၀ မိနစ်ခန့် အအေးခံပြီး ရေခဲသေတ္တာထဲ ၁ နာရီ အအေးခံပါ။ ပြီးလျှင် အရသာရှိစွာ အသင့်စားသုံးလို့ရပါပြီ။