
by ေစာဆာမူလား for Food Magazine
ဒီကွတ်ကီးကို လုပ်တဲ့အခါ အချိုကြိုက်သူများအတွက် သကြားအမှုန့်ကို ၁ဝဝ ဂရမ်အထိ ထည့်လို့ရပါတယ်။ ချောကလက်ကို မကြိုက်ရင်၊ မရှိရင် မသုံးလို့ရပါတယ်။ ချောကလက်ကို အရည်ဖျော်ရင်လည်း ချောကလက်ခွက်ကို ရေနွေးထဲစိမ်ပြီး Double Boiler စနစ်နဲ့ ဖျော်ရပါတယ်။ ချောကလက်အရည်ဖျော်တဲ့အခါ သတိထားဖို့က လုံးဝ ရေစိုလို့မရပါ။ ထည့်မည့်ခွက်ကို သေချာခြောက်အောင်သုတ်ပါ။ ချောကလက်ခွက် စိမ်ထားတဲ့ ရေနွေးပူကိုလည်း ပွက်ပွက်ဆူအောင် မထားရပါဘူး။ ချောကလက်ကို ဇွန်းနဲ့ပဲ မွှေပါ။ Whisk နဲ့ မမွှေပါနဲ့။ အဲဒီစည်းကမ်းချက်လေးတွေ လိုက်နာပြီး ချောကလက်ကို အရည်ဖျော်ပါ။ Almond Powder ကို ကြိုက်ရင်၊ သုံးနိုင်ရင် ဂျုံတစ်ဝက်၊ Almond Powder တစ်ဝက် သုံးလို့ရပါတယ်။ မရှိရင်တော့ Almond Powder နေရာမှာ ဂျုံကို သုံးလို့ရပါတယ်။ ကြက်ဥအကာ၊ အနှစ် အလုံးလိုက် သုံးလို့ရပါတယ်။ ကြက်ဥအစား နွားနို့ကို သုံးလို့ရပါတယ်။
မုန့်သားအရမ်းပျော့ရင် ရေခဲသေတ္တာထဲ အချိန်အနည်းငယ် သိမ်းထားခြင်းဖြင့် လိုအပ်တဲ့ ခဲတဲ့အနေအထားရရင် Piping Bag ထဲ မထည့်လည်း အလုံးလေးများလုံးပြီး အနည်းငယ်ပြား၍ ကွတ်ကီးအပေါ်မှာ ဇွန်း၊ ခက်ရင်းနဲ့ ဖိပြီး ဒီဇိုင်းဆင်လို့ရပါတယ်။
Almond Cookies အတွက် ပါဝင်ပစ္စည်းများ
ထောပတ် – ၁ဝဝ ဂရမ်
သကြားအမှုန့် – ၅၀ ဂရမ်
ကြက်ဥအကာ – ၁ လုံး
ကိတ်ဂျုံ – ၁ဝဝ ဂရမ်
Almond Powder – ၂၀ ဂရမ်
ဆား – လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
- Dark Chocolate – ၁ဝဝ ဂရမ်
ပြုလုပ်နည်း
၁။ ထောပတ်၊ သကြားအမှုန့်နှင့် ဆားကို ဖြူပြီး ပွလာအောင် Whisk မွှေတံဖြင့် မွှေပါ။
၂။ ထောပတ်ပွလာလျှင် ကြက်ဥအကာကို ထည့်၍ ၁ မိနစ်ခန့် ထပ်မံ၍မွှေပါ။
၃။ Almond Powder နှင့် ကိတ်ဂျုံကို ဆန်ခါချ၍ ထည့်ပြီး ၁ မိနစ်ခန့် မွှေပါ။ Dark Chocolate ကို အတုံးသေးသေး တုံးပြီး ချောကလက်တုံးလေးများ ကွတ်ကီးသား နေရာအနှံ့ ရောက်အောင် မွှေပါ။
၄။ Piping Bag ထဲ ကွတ်ကီးသားကိုထည့်၍ မုန့်ဖုတ်ဗန်းထဲညှစ်ထည့်ပြီး အပူချိန်ကို အပေါ်မီး 170˚C , အောက်မီး 160˚C ဖြင့် မိနစ် ၂၀ ကြာဖုတ်ပါ။ အရောင်အနည်းငယ်သန်းလာလျှင် ကျက်ပါပြီ။ ထုတ်ခါစမှာ ကွတ်ကီးသား အနည်းငယ်ပျော့ပါမယ်။ အအေးခံပြီးလျှင် ြွကပ်သွားပါတယ်။
၅။ Dark Chocolate ၁၅၀ ဂရမ် အရည်ဖျော်ပါ။ Almond Slice ၁ဝဝ ဂရမ်ကို အပူချိန်ကို အပေါ်အောက် 170 ̊ C ဖြင့် ၁၀ မိနစ်ခန့် အရောင်အနည်းငယ်ထွက်အောင် ဖုတ်ပါ။
၆။ အရည်ပျော်သွားသော ချောကလက်ထဲသို့ Almond Powder ကို တစ်ဝက်ခန့် စိမ်ပါ။ ချောကလက်မခဲခင် ဖုတ်ပြီးသား Almond Slice လေးများကို ချောကလက်ပေါ် တင်ပြီး ကပ်ပေးလိုက်ပါ။ စားလိုက်လျှင် ကွတ်ကီးသားက ဆိမ့်ပြီး မုန့်သားထဲမှာ ချောကလက်ခဲလေးတွေရဲ့ အရသာနဲ့ အရမ်းကို အရသာရှိပါတယ်။ လက်ဖက်ရည်၊ ကော်ဖီ နဲ့ အရသာရှိစွာ တွဲဖက်စားသုံးနိုင်ပါတယ်။ လေလုံတဲ့ဘူးထဲ ထည့်သိမ်းမည်ဆိုလျှင် လနှင့်ချီ၍ သိမ်းဆည်းပြီး စားသုံးနိုင်ပါတယ်။