
Christmas Fruits Cake ကို အများအားဖြင့် Pound Cake, Butter Cake နဲ့ လုပ်ကြပါတယ်။ သစ်သီးခြောက်
၅ မျိုး (သို့) ၆ မျိုးကို မိမိမှာရှိသလောက် ထည့်လို့ရပါတယ်။ လိုအပ်လျှင် အသီးတို့ကို ဝိုင်အရက်နဲ့ အချို့ကတော့ တစ်လ ကြိုပြီး စိမ်ထားပါတယ်။ အခြားအစေ့အဆန်တွေဖြစ်တဲ့ Almond, Walnut တို့ကိုလည်း ထည့်လို့ ရပါတယ်။ Chocolate လုပ်ချင်လျှင် ကိတ်ဂျုံ ၈၀ ဂရမ် လျှော့ထည့်ပြီး Coco Powder ၂၀ ဂရမ် စုစုပေါင်း ၁ဝဝ ဂရမ် ထည့်လို့ရပါတယ်။
by စောဆာမူလား for Food Magazine
ပါ၀င္ပစၥည္းမ်ား
Christmas Fruits Cake အတွက် ပါဝင်ပစ္စည်းများ
ထောပတ်- ၁ဝဝ ဂရမ်
သကြား- ၈၀ ဂရမ်
ကြက်ဥ- ၃ လုံး
ကိတ်ဂျုံ- ၁ဝဝ ဂရမ်
ဘေကင်ပေါင်ဒါ- ၂ ဂရမ်
ဘေကင်ဆိုဒါ- လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
သစ်ကြံပိုးခေါက်မှုန့်- လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဒိန်ချဉ်- ၂၀ ဂရမ်
ဆား- လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဟင်းသီးဟင်းရွက်အဆီ- ၁၀ ဂရမ်
သစ်သီးခြောက်အစုံ- ၁ဝဝ ဂရမ်
ရမ် (Rum)- ၅၀ ဂရမ်
ခ်က္နည္း
၁။ သစ်သီးခြောက်အစုံ (စပျစ်သီးခြောက်၊ သင်္ဘောသီးခြောက် အနီ/အစိမ်း၊ နာနတ်သီးခြောက်) ကို ရမ်နှင့် တစ်ရက်ကြိုပြီး စိမ်ထားပါ။
၂။ ထောပတ်၊ သကြားနှင့် ဆားတို့ကို ထောပတ်ဖြူပြီး ပွလာသည်အထိ မွှေတံဖြင့် မွှေပါ။
၃။ ထောပတ် ဖြူပြီး ပွလာလျှင် ကြက်ဥကို ၁ လုံးချင်း ဖြည်းညင်းစွာထည့်၍ သကြားကြေသည်အထိ မွှေပါ။
၄။ ကိတ်ဂျုံ၊ ဘေကင်ပေါင်ဒါ၊ ဘေကင်ဆိုဒါနှင့် သစ်ကြံပိုးခေါက်အမှုန့်တို့ကို ရော၍ ဆန်ခါချပြီး ရမ်စိမ်ထားသော သစ်သီးခြောက်ကို ရောမွှေပါ။
၅။ ဒိန်ချဉ်နှင့် ဟင်းသီးဟင်းရွက်အဆီ ထည့်ပြီး ၁ မိနစ်ခန့် ရောမွှေပါ။
၆။ ၇ လက်မ ကိတ်မိုအဝိုင်းထဲ ဆီသုတ်၍ ဆီစိမ်စက္ကူခင်းပြီး မုန့်နှစ်များကို ထည့်ပါ။ မီးအပူချိန်အပေါ်အောက်
170 ̊ C ဖြင့် ၄၅ မိနစ်ခန့်ဖုတ်ပါ။ မုန့်ကျက်မကျက်ကို မုန့်သားအလယ်ကို စာတေးတုတ်ဖြင့် ထိုးကြည့်ပါ။ တုတ်စိုနေလျှင် အချိန်အနည်းငယ် ထပ်မံ၍ဖုတ်ပါ။ တုတ်ခြောက်နေလျှင် ကျက်ပါပြီ။ ကိတ်ကို မိုခွက်ထဲက
ထုတ်ပြီး အအေးခံပါ။ လိုအပ်လျှင် သကြားရည်နှင့် ရမ်ကို ရော၍ ကိတ်အပေါ်မှာ သုတ်ပေးလျှင် ရပါတယ်။
ကိတ်ကို အရသာရှိစွာ သုံးဆောင်လို့ ရပါပြီ။ လိုအပ်လျှင် ကိတ်ကိုRoyal Icing နဲ့ ဖုံးပြီး အလှဆင်လို့လည်း ရပါတယ်။
Royal Icing အတွက် ပါဝင်ပစ္စည်းများ
ကြက်ဥအကာ- ၂ လုံး
သကြားအမှုန့်- ၃ဝဝ ဂရမ်
သံပရိုအရည်- လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
၁။ ကြက်ဥအကာကို အမြှုပ်ထပြီး ဖြူလာအောင် မွှေတံဖြင့် ရိုက်ပါ။ အမြှုပ်ထပြီး ဖြူလာလျှင် သကြားအမှုန့်ကို ဖြည်းဖြည်းချင်းထည့်၍ ညောင်စေးပေါက်ပြီး ြွကက်မြီးတန်းသည်အထိ မွှေပါ။
၂။ ကိတ်အပေါ်မှာဖုံးပြီး လိုအပ်သလို ဒီဇိုင်းအလှဆင်နို်င်ပါတယ်။