
Jenny
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ကီဝီသီး – ၄၅ ဂရမ်
နဂါးမောက်သီး – ၄၅ ဂရမ်
Wipping Cream – ၁၅၀ ဂရမ်
ပန်းသီး – ၄၅ ဂရမ်
သစ်ကြားစေ့ – ၁၅၀ ဂရမ်
သီဟိုဠ်စေ့ – ၁၅၀ ဂရမ်
ဘီစကွတ် – ၁၅၀ ဂရမ်
ထောပတ် – ၁၅၀ ဂရမ်
သကြားအမှုန့် – ၅၀ ဂရမ်
ပျားရည် – ၃၀ ဂရမ်
ခ်က္နည္း
ပြုလုပ်နည်း
အရင်ဆုံး သစ်သီး၊ အစေ့အဆံတွေကို လှီးထားပါ။ ထောပတ်ကိုလည်း အပူပေးပြီး အရည်ဖျော်ထားပါ။ ဘီစကွတ်တွေကို ခြေထားပါ။ Wipping Cream ကိုလည်း ရိုက်ထားပါ။ ဇလုံတစ်ခုထဲကို သစ်ကြားစေ့၊ သီဟိုဠ်စေ့၊ ခြေထားတဲ့ဘီစကွတ်၊ သကြားအမှုန့်၊ ဆား၊ ပျားရည်၊ အရည်ဖျော်ထားတဲ့ ထောပတ်တို့ကို ထည့်ပြီး အကုန်လုံးသမအောင် အားရပါးရ လက်နဲ့ရောနယ်ပါ။ ဗန်းတစ်ခုထဲကို နယ်ထားတဲ့ မုန့်သားတွေကို အပြားလိုက် ဖိသိပ်ပြီး ထည့်ပါ။ ၁၅ မိနစ်လောက် ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။ ပြီလျှင် အပေါ်ကနေ ရိုက်ထားတဲ့ ခရင်မ်လေးကို သုတ်ပြီး လှီးထားတဲ့ သစ်သီးလေးတွေကို တင်၍ မိမိတို့စိတ်ကြိုက်ပုံစံလေး လှီးပြီး သုံးဆောင်နိုင်ပါပြီ။