Green Tea Candied Fruit Cake

by ေစာဆာမူလား for Food Magazine

သစ်သီးခြောက်၊ သစ်ကြားသီးမကြိုက်ရင် မထည့်ဘဲ Plain လုပ်လို့ရပါတယ်။ Green Tea ကို ကြိုက်နှစ်သက်ရင် ပိုထည့်နိုင်ပါတယ်။

Green Tea အမျိုးအစားပေါ် မူတည်ပြီး အရောင်ရှိတ်ကြောင့် ကိုယ်လိုအပ်တဲ့ အတိုင်းအတာအထိ အရောင်ကို ထည့်လို့ရပါတယ်။ Green Tea ကို မကြိုက်လို့ မထည့်ဘဲ Green Tea နေရာမှာ ဂျုံ (သို့) ပြောင်းဖူးမှုန့်ထည့်ပြီး Plain Cake,Butter Cake,Pound Cake  လို လုပ်စားလို့ရပါတယ်။ သကြားကိုတော့ အချိုကြိုက်ရင် ၁၁၀ ဂရမ်အထိ တိုးနိုင်ပြီး အချိုမကြိုက်ရင် ၈၀ ဂရမ်အထိ လျှော့ချပေးလို့ရပါတယ်။ နွားနို့နေရာမှာ နို့စိမ်း၊ ဒိန်ချဉ်၊ Heav y Cream ကို အစားထိုး သုံးလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

ထောပတ် –  ၁ဝဝ ဂရမ်

သကြား –  ၉၀ ဂရမ်

ကြက်ဥ –  ၃ လုံး

ကိတ်ဂျုံ –  ၈၅ ဂရမ်

Green Tea –  ၇ ဂရမ်

Baking Powder –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

နွားနို့ –  ၃၅ ဂရမ်

သစ်သီးခြောက်အစုံ –  ၁ဝဝ ဂရမ်

သစ်ကြားသီး –  ၁ဝဝ ဂရမ်

ပြုလုပ်နည်း

၁။        ထောပတ်၊ သကြားနှင့် ဆားတို့ကို ဖြူပြီး ပွလာအောင် Whisk  မွှေတံဖြင့် ရိုက်ပါ။ တစ်ချိန်တည်းမှာ မီးဖိုအပူချိန်ကို အပေါ်အောက် 170˚C

တင်ထားပါ။

၂။         ထောပတ်ဖြူပြီး ပွလာလျှင် ကြက်ဥကို ၁ လုံးချင်း ထည့်ပြီး သကြားကြေသည်အထိ မွှေပါ။

၃။        ကိတ်ဂျုံ၊ Green Tea နှင့် Baking Powder  တို့ကို ရော၍ ဆန်ခါချပြီး သစ်သီးခြောက်၊ သစ်ကြားသီးတို့နှင့် ရောပြီး ဆက်မွှေထားပါ။ နွားနို့ ထည့်ပြီး ၁ မိနစ်ခန့် ချောမွေ့ လာအောင် မွှေပါ။

၄။        ကိတ်မိုခွက်ကို ဆီ (သို့) Shartaning  သုတ်ပြီး ဂျုံဖြင့် ခါချပါ။ သုတ်ထားသော ဆီ (သို့) Shartaning ပေါ်သို့ ဂျုံများ ကပ်နေခြင်းဖြင့် မုန့်ကျက် လျှင် လွယ်ကူစွာ ဆွဲထုတ်လို့ရပါတယ်။ နောက်တစ်နည်းမှာ မိုခွက်ရဲ့ အလျားနှစ်ဖက်ကို ဆီသုတ်ပြီး ဆီစိမ်စက္ကူဖြင့် အရှည်လိုက် မိုခွက် အောက်ပိုင်းမှ နံဘေးအပေါ်အထိ ခင်းပေးလို့ ရပါတယ်။ မုန့်နှစ်ကို မိုခွက်ထဲ ထည့်၍ အပေါ်သို့ အသီးခြောက်လေးများ လိုအပ်လျှင် ဖြူးပြီး တင်နိုင်ပါတယ်။ အပူချိန်အသင့်ရှိတဲ့ မီးဖိုထဲ ထည့်ပြီး ၄၅ မိနစ်ခန့် ဖုတ်ပါ။ မုန့်ကျက်မကျက် ကိတ်အလယ်တည့်တည့်ကို စာတေးတုတ်ဖြင့် ထိုးကြည့်ပါ။ ကိတ်ကျက်လျှင် တုတ်ခြောက်နေပါမယ်။ တုတ်စိုနေလျှင် အချိန်အနည်းငယ် ထပ်မံ၍ ဖုတ်ပါ။ မိုခွက်ထဲမှထုတ်၍ အအေးခံပြီး လက်တစ်လုံးအပြားလေးများဖြတ်၍ အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။ အရသာကတော့ Green Tea အနံ့မွှေးပြီး ဆိမ့်တဲ့အရသာလေး ဖြစ်ပါတယ်။

Facebook Comments