
by စောဆာမူလား for Food Magazine
Financier က ကိတ်အမျိုးအစားဖြစ်တယ်။ ပြင်သစ်နိုင်ငံက စတင်ပြုလုပ်ခဲ့ကာ ကျော်ကြားပြီး လူကြိုက်များတဲ့ ကိတ်လည်းဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဟိုတယ်နဲ့ Cruise Line တွေမှာလည်း အမြဲကျွေးကြပါတယ်။ အဓိက ကိတ်ထဲမှာ ပါဝင်တဲ့ပစ္စည်းတွေကတော့ Almond Powder ထောပတ်၊ သကြားအမှုန့်နှင့် ကြက်ဥအကာတို့ပဲ ဖြစ်ပါတယ်။ မိမိစားချင်တဲ့ အရသာအမျိုးမျိုး ထည့်လုပ်လို့ရပါတယ်။ အခု Financier ကိုတော့ သံပရိုသီးအရသာနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ သံပရိုသီး၊ သံပရာသီး၊ လိမ္မော်သီးအခွံတွေကို ခြစ်ထည့်ပြီး အဲဒီအရသာတွေနဲ့လည်း လုပ်လို့ရပါတယ်။ Almond Powder အပြင် Hazelnut Powder သစ်အယ်သီး အမှုန့်နှင့် Pistachio အမှုန့်တို့ကိုလည်း သုံးလို့ရပါတယ်။ ကိတ်သားထဲကိုတော့ Rasberry,Blueberry,Strawberry,Mango,Kiwi အသီးတွေကိုလည်း ထည့်ပြီး လုပ်စားနိုင်ပါတယ်။ အများအားဖြင့် ကိတ်အပေါ်မှာ Plain ထားတာ များပါတယ်။ လိုအပ်ရင် သကြားအမှုန့်ဖြူးနိုင်ပြီး ကြိုက်နှစ်သက်ရာ ခရင်မ်လည်း တင်လို့ ရပါတယ်။
ပါဝင်ပစ္စည်းများ
ထောပတ် – ၁၅၀ ဂရမ်
Almond Powder – ၁ဝဝ ဂရမ်
သကြားအမှုန့် – ၁ဝဝ ဂရမ်
ကိတ်ဂျုံ – ၂၅ ဂရမ်
ကြက်ဥအကာ – ၃ လုံး (၉၀ ဂရမ်)
သံပရိုသီးအခွံခြစ် (Lemon Zest) – စားပွဲဇွန်း ၂ ဇွန်း
သံပရိုအရည် – ၃၀ ဂရမ်
ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ပြုလုပ်နည်း
၁။ ထောပတ်ကို Double Boiler စနစ်ဖြင့် အရည်ဖျော်ပါ။
၂။ Almond Powder သကြားအမှုန့်နှင့် ကိတ်ဂျုံတို့ကို ရော၍ ဆန်ခါချပြီး ကြက်ဥအကာနှင့် သံပရိုုသီးအခွံခြစ် (Lemon Zest) ကို ဇလုံထဲ
ထည့်၍ မွှေတံဖြင့် မွှေပါ။
၃။ အဆင်သင့်ဖျော်ထားသော ထောပတ်အရည်နှင့် ဆားတို့ကိုထည့်၍ ရောမွှေပါ။ ပါဝင်ပစ္စည်းများအားလုံးရောပြီး ချောမွေ့သည်အထိ မွှေပါ။ အပေါ်အောက် မီးအပူချိန် 180˚C တင်ထားပါ။
၄။ ကိတ်မိုခွက်ကို ဆီသုတ်ပါ။ မကပ်အောင် ဂျုံကို သုတ်ပြီးသားဆီအပေါ် မှာ ဖြူးပေးပါ။ ပိုသေချာအောင် အောက်ကို ဆီစိမ်စက္ကူခံလည်း ရပါ တယ်။ Non Stick ဆိုလျှင် ဆီသုတ်ပြီး ဂျုံကပ်စရာမလိုပါဘူး။ မုန့်နှစ် ကို မိုခွက်ထဲထည့်ပြီး မီးအပူချိန် အဆင်သင့်တင်ထားသော မီးဖိုထဲမှာ မိနစ် ၃၀ ခန့် ဖုတ်ပါ။ မုန့်သားကျက်မကျက်ကို ဆာတေးတုတ်ဖြင့် ကိတ်အလယ်ကို ထိုးစမ်းကြည့်ပါ။ တုတ်စိုနေလျှင် အချိန်အနည်းငယ် ထပ်ဖုတ်ပြီး တုတ်ခြောက်လျှင် ရပါပြီ။
၅။ Lemon သကြားရည်ကို ကိတ်ထုတ်ထုတ်ချင်း ကိတ်အတွင်းထဲ စိမ့်ဝင် အောင် ဘရပ်ရှ်နှင့် သုတ်ပါ။ မိုခွက်ထဲမှ ကိတ်ကို ထုတ်၍ အအေးခံပါ။
Lemon သကြားရည်အတွက် ပါဝင်ပစ္စည်းများ
သကြား – ၅၀ ဂရမ်
ရေ – ၅၀ ဂရမ်
ဆား – လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
သံပရိုသီး – ၁ လုံး (၄ စိတ် ထက်ခြမ်းပိုင်း)
၁။ ထောပတ်၊ Cream Cheeseနှင့် သကြားအမှုန့်တို့ကို ရောပြီး ဇလုံထဲ ထည့်၍ မွှေတံဖြင့် ဖြူပြီး အနည်းငယ်ပွလာအောင် ရိုက်ပါ။
၂။ သံပရိုအရည်နှင့် သံပရိုသီးအခွံခြစ်တို့ကို ရော၍ နှံ့အောင် မွှေပါ။
၃။ အအေးခံထားသော Lemon Financier Cake အပေါ်မှာ Lemon Cream Cheese Icing ကို မျက်နှာပြင်ညီအောင် ကိတ်အလှဆင်ဓား (Palette Knife) ဖြင့် ညှိပါ။ ခရင်မ်အပေါ်မှာ သံပရိုသီးအခွံလေးများ ကို ခြစ်ချပြီး အလှဆင်ပါ။ ပြီးလျှင် အရသာရှိစွာ အချပ်အပါးလေးများ လှီး၍ စားသုံးနိုင်ပါပြီ။