Mango Custard Cake

by Jenny for Food Magazine

ပါဝင်ပစ္စည်းများ

သရက်သီး –  ၄ဝဝ ဂရမ်

ကြက်ဥ –  ၃ လုံး

သကြားမှုန့် –  ၁ဝဝ ဂရမ်

ထောပတ် –  ၅၀ ဂရမ်

ဂျုံမှုန့် –  ၁၅၀ ဂရမ်

နို့ –  ၁၂၀ ဂရမ်

ဆား –  အနည်းငယ်

ပြုလုပ်နည်း

၁။        ကြက်ဥကို အနှစ်နဲ့အကာ သတ်သတ်စီခွဲထားပါ။ အကာကို အပွဖြစ်အောင် ရိုက်ပါ။

၂။         သရက်သီးကို အနှစ်တိုက်ထားပါ။

၃။        ဇလုံတစ်လုံးထဲ ကြက်ဥအနှစ်ကို ထည့်မွှေပါ။ သရက်သီးအနှစ်၊ သကြားနှင့် ထောပတ်တို့ကို ထည့်ပြီး မွှေပါ။ နို့နှင့် ဂျုံမှုန့် ထည့်ပြီး ဆားထည့်ပါ။

၄။        နောက်ဆုံးမှာ ကြက်ဥအကာထည့်ပါ။

၅။        ကိတ်ဖုတ်မည့် ဗန်းထဲ ထည့်ပြီး အပူချိန် 150˚C ဖြင့် မိနစ် ၃၀ ခန့် ဖုတ်ပါ။

Facebook Comments