ကုံကုမံ (စွဲမက်စရာ ဟင်းခတ်အမွှေးအကြိုင်)

ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဟင်းခတ်အမွှေးအကြိုင်က ခရမ်းရောင်ကုံကုမံ အပွင့်လေးတွေကရတဲ့ အဝါရင့်ရင့် ပွင့်ညှာအခြောက်လေးတွေပါ။ အပွင့်တစ်ပွင့်မှာ ရှည်လျားပြီး နူးညံ့တဲ့ ပွင့်ညှာသုံးချောင်းပါဝင်ပြီး ၁ ကီလို (၂ ပေါင်နဲ့ ၄ အောင်စ) အလေးချိန်ရှိတဲ့ ကုံကုမံတွေရဖို့ အမျှင်ပေါင်း ၂ သိန်းခွဲခန့် ပါဝင်ပါတယ်။ ပန်းပွင့်ကတော့ စတုရန်းမီတာ ၄၀၀၀ ကျော် (တစ်ဧကနီးပါးလောက်)အထိ ရှိပါတယ်။ ဒီဈေးကြီးပြီး စွဲမက်ဖို့ကောင်းတဲ့ ဟင်းခတ်အမွှေးအကြိုင်က အစားအသောက်တွေထဲမှာဆိုရင် အရမ်းအနံ့မွှေးသလို အချိန်အတိုင်းအတာ တစ်ခုအထိလည်း အရမ်းအထောက်အကူပြုပါတယ်။

ကုံကုမံကို ဟိုးအရင်ကတည်းက စိတ်ကျရောဂါ၊ ပူပန်သောကများခြင်းနဲ့ ဟော်မုန်းမညီမမျှဖြစ်ခြင်း၊ အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ဖြစ်တတ်တဲ့ စိတ်ကစဉ့်ကလျားဖြစ်ခြင်း စတဲ့ရောဂါဝေဒနာတော်တော်များများမှာ အသုံးပြုခဲ့ကြတာပါ။ ကုံကုမံရဲ့ အရေးအပါဆုံး အပင်ဒြပ်ပေါင်းတစ်မျိုးက အိုမင်းရင့်ရော်ခြင်းကို တိုက်ထုတ်ပေးပြီး အကြိတ်ဖြစ်စေခြင်းကို တားဆီးပေးတဲ့ ဓာတ်တွေပါဝင်တဲ့ လူသားတွေအတွက် အကျိုးရှိတဲ့ crocin ပါ။ ကုံကုမံက စိတ်ဖိစီးမှုတွေနဲ့ ဗက်တီးရီးယားပိုးကူးစက်မှုကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ခြင်းတွေကနေ ခန္ဓာကိုယ်ကို ကာကွယ်ပေးပါတယ်။ အသည်းကင်ဆာကို တားဆီးပေးတဲ့ ထူးခြားတဲ့အာနိသင်တွေ ကုံကုမံမှာ ပါဝင်နေတယ်လို့ စစ်ဆေးစမ်းသပ်မှုတွေအရ အတည်ပြုခဲ့ကြပြီး ဖြစ်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ (အထူးသဖြင့် ပိုတက်ဆီယမ်နဲ့ ဗီတာမင်စီဓာတ်) ကြွယ်ဝတဲ့ ကုံကုမံဟာ သွေးဖိအားကျဆင်းခြင်းကို ကာကွယ်ရာမှာ အလွန်အထောက်အကူဖြစ်စေပြီး နှလုံးခုန်နှုန်း တည်ငြိမ်စေကာ အစာကြေလွယ်ကူစေတယ်လို့ သိရပါတယ်။

၈ ရာစုဝန်းကျင် ရှေးဂရိခေတ်မှာ ပထမဆုံးကုံကုမံကို တွေ့ရှိခဲ့ကြပါတယ်။ အလယ်ခေတ်လောက်က ဈေးအရမ်းမြင့်ပေမယ့် ကုံကုမံကို အားလုံးတမ်းတမ်းစွဲ သုံးစွဲကြပြီး ယာဂုလို အသားနဲ့ဆန်ပြုတ်တွေ လူကြိုက်များတဲ့ ပျားရည်နဲ့ အသားထည့်ပြီးဖြစ်ဖြစ်၊ အသားမပါဘဲဖြစ်ဖြစ် ပြုလုပ်ကြတဲ့ နို့ကျောက်ကျောအချိုပွဲတွေမှာ အရောင်၊ အရသာနဲ့ ကျန်းမာရေးအတွက် ထည့်သွင်းချက်ပြုတ်ကြပါတယ်။

ကုံကုမံရဲ့ ရွှေရောင်အဆင်းရှိ ဆွဲဆောင်မှုက ယဉ်ကျေးမှုနဲ့ ဟင်းလျာတွေ ပေါင်းကူးပေးခဲ့ပြီး စပိန်၊ ဂရိ၊ အီတလီ၊ တူရကီနဲ့ အီရန်ကနေ အိန္ဒိယ၊ တက်စ်မန်းနီးယားနဲ့ နယူးဇီလန်တို့မှာတောင် တွေ့ရှိနိုင်တဲ့ နိုင်ငံတကာ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး ဖြစ်လာခဲ့ပါတယ်။ ကုံကုမံကို ယဉ်ကျေးမှုနဲ့ ဆက်စပ်တဲ့ ဟင်းလျာတွေမှာ အများဆုံး အသုံးပြုကြပါတယ်။ မက္ကဆီကန် ကြက်သားထမင်းကြော်၊ အီတလီထမင်းပေါင်း၊ စပိန်ပင်လယ်စာ ထမင်းကြော်၊ သံလွင်ဆီဆော့စ်နဲ့ ပြင်သစ်ငါးပေါင်း လယ်သမားဟင်း၊ အိန္ဒိယဒံပေါက်၊ စကင်ဒီဗေးနီးယား ရိုးရာပေါင်မုန့်လုံးနဲ့ အင်္ဂလန်က ကောနစ်ရှ်ကုံကုမံပေါင်မုန့်စတဲ့ဟင်းလျာတွေကို ကြည့်ရင် သိနိုင်ပါတယ်။

ကုံကုမံဝယ်လျှင် အမျှင်လေးတွေအားလုံး ပါဝင်နေသော အလတ်ဆတ်ဆုံး ကုံကုမံအား ရွေးဝယ်ပါ။ အဝါရင့်ရင့်အရောင်ရှိသော ကုံကုမံမှာ crocin ဓာတ်အများဆုံး ပါဝင်ပြီး ရနံ့အမွှေးအကြိုင်ဆုံးပင်။ ကုံကုမံ စစ်မစစ် သိရှိနိုင်ရန် ရေနွေးထည့်ထားတဲ့ ပန်းကန်လုံးထဲ တစ်မျှင်နှစ်မျှင်ခန့် ထည့်ကြည့်ပါ။ ကုံကုမံစစ်လျှင် ပျော်ဝင်သွားပြီး အဝါရင့်ရောင်အရည်များအဖြစ် ပြောင်းသွားကာ ချက်ပြုတ်မည့်ဟင်းလျာထဲ အသင့်ထည့်သွင်း ချက်ပြုတ်နိုင်ပြီ ဖြစ်သည်။ နနွင်းနှင့်အခြားသော အတုအယောင်များမှာ ရေထဲ ပျော်ဝင်မည်မဟုတ်ပါ။ ကုံကုမံကို လေ၊ အလင်းရောင်၊ အစိုဓာတ်တို့ မရှိသောနေရာတွင် လုံခြုံစွာ ထုပ်ပိုး၍ ထားပါက သုံးနှစ်ကျော်အထိ တာရှည်ခံပြီး မလုံခြုံသော နေရာဖြစ်ပါက ကြည်လင်နေသော ဖန်ဘူး သို့မဟုတ် ပလတ်စတစ်ဘူးထဲ ထည့်၍ သိမ်းဆည်းထားနိုင်သည်။

Facebook Comments

နှင်းဦးဝေ
Menu