
အံ့ဝင့်ထွဋ်
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ကြက်သား – ၂၅၀ ဂရမ်
နံနံပင် – အနည်းငယ်
ငရုတ်သီးနီ/စိမ်း – ၆ တောင့်ခန့်
စပါးလင် – ၁ ချောင်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရှမ်းနံနံ – အနည်းငယ်
သံပရာသီး – ၁ လုံး
ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ကြက်သွန်ဖြူ – ၃ မြွှာ
ကြက်သွန်နီ – ၁ လုံး
ချင်း – အနည်းငယ်
ခ်က္နည္း
ပြုလုပ်နည်း
ကြက်သားကို အနေတော်အတုံးများ တုံးပြီး ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)နှင့် ငရုတ်ကောင်း (လက်ဖက်ရည်ဇွန်း တစ်ဝက်)တို့ဖြင့် နယ်ပြီး ဆီပူပူမှာ ကြွပ်အောင် ကြော်ပေးပါ။ ကြွပ်ပြီး ကျက်ပြီဆိုလျှင် ဆီစစ်ထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ချင်းကို ကြိတ်ပြီး ဆီသတ်ပါ။ စပါးလင်ထည့်ပါ။ ကြက်သားထည့်ပါ။ နံနံပင်၊ ရှမ်းနံနံနှင့် ငရုတ်သီးနီ/စိမ်းတို့ကို ကြိတ်ပြီး ထည့်ပါ။ သံပရာရည်ထည့်ပေးပါ။ ကျန်သောအရသာများ ထည့်ပါ။ လိုအပ်လျှင် ရေ အနည်းငယ်ထည့်ပါ။ အရသာမှာ ချဉ်၊ စပ်၊ မွှေးအရသာရပြီဆိုလျှင် ပန်းကန်ပြင်ပြီး သုံးဆောင်နိုင်ပါပြီ။