ကြက်ပေါင်သီး ငါးတန်ဗိုက်သားချဉ်ရည်ဟင်း

ကြက်ပေါင်သီးဆိုသည်က ဆောင်းရာသီပေါ်သဘာဝသီးနှံအချဉ်သီးတစ်မျိုး ဖြစ်ပါသည်။ ပဲခူးတိုင်းအတွင်း အများဆုံးတွေ့ရှိရပါသည်။ ကြက်ပေါင်သီးကို သူ့ချည်းသက်သက် အစိမ်းအတိုင်း အတို့အမြုပ်အနေနှင့်လည်းကောင်း၊ သနပ်အနေနှင့်လည်းကောင်း စားသုံးကြပါသည်။ အများဆုံး သုံးကြသည့်နည်းမှာ ငါးဟင်းလျာများ၌ ထည့်သွင်းကာ ချဉ်ရည်ဟင်းအဖြစ် ချက်ပြုတ်လေ့ရှိကြပါသည်။

Facebook Comments

U San Lwin

ပါ၀င္ပစၥည္းမ်ား

ပါဝင်ပစ္စည်းများ

ငါးတန်ဗိုက်သား          – ၂၅ ကျပ်သား

ကြက်ပေါင်သီး   – ၂ တွဲ

ဆီ        – ၂ ကျပ်သား

ငရုတ်သီးစိမ်း     – ၅ တောင့်

နံနံပင်         – ၁ စည်း

ကြက်သွန်နီ       – ၂ လုံး

ကြက်သွန်ဖြူ        – ၁ လုံး

ငရုတ်သီးအခြောက်တောင့်        – ၃ တောင့်

ဆား     – အနည်းငယ်

နနွင်း     – အနည်းငယ်

ငံပြာရည်       – အနည်းငယ်

ခ်က္နည္း

ပြုလုပ်နည်း

ငါးတန်ဗိုက်သားကို ရေစင်စင်ဆေးကာ သင့်တော်သည့် အရွယ်တုံးတစ်၍ ဆား၊ နနွင်း၊ ငံပြာရည်တို့ဖြင့်နယ်ကာ အရသာသွင်းထားပါ။ ငရုတ်သီးအခြောက်တောင့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ဆုံ၌ ညက်ညက်ထောင်းပါ။ ငရုတ်သီးစိမ်းတောင့် ထက်ခြမ်းခွဲပြီး နံနံပင်များကို ရေဆေးကာ အသင့်ပြင်ထားပါ။ ကြက်ပေါင်သီးများကို ရေနွေးဆူဆူ၌ အစိမ်းရောင်မှ အဝါရောင်ပြောင်းသွားသည်အထိ ပြုတ်ပြီး ထက်ခြမ်းခွဲ အခွံနွှာကာ အတွင်းမှအစေ့များ ထုတ်ပြီး အသင့်ပြင်ထားပါ။

အားလုံးပြီးပါက ဆီအိုး၌ ငရုတ်ကြက်သွန်ထောင်းပြီးသားအရောကို ဆီသတ်ပြီး ရွှေညိုရောင်ပြောင်းလာပါက အရသာသွင်းထားသည့် ငါးကို ထည့်လုံးပါ။ ဆီပြန်လာပါက ရေအနည်းငယ်ထည့်၍ အဖုံးပိတ်ချက်ပါ။ ဆီဆူလာပါက ကြက်ပေါင်သီးများထည့်ကာ ငါးအသားမြုပ်အောင် ရေထည့်၍ တည်ပါ။ ဟင်းအိုးပွက်ပွက်ဆူပါက အပေါ့အငန်မြည်းပြီး ငရုတ်သီးစိမ်းခွဲခြမ်းနှင့် နံနံပင်အုပ်ကာ မီးဖိုမှချပါ။ ငါးတန်ဗိုက်သားဆူဆူတွင် ကြက်ပေါင်သီးအချဉ်အရသာရောနေသည့် အအီပြေ ငါးတန်ဗိုက်သားချဉ်ရည် အသင့်ရပါပြီ။