ကြက်သားကြေးအိုး

ကြေးအိုးကို လူကြီး၊ လူငယ်မရွေး နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ အာဟာရလည်းဖြစ်သလို ပြုလုပ်ရလွယ်ကူပြီး ပေါ့ပေါ့ပါးပါးနဲ့ ညစာအဖြစ်လည်း သုံးဆောင်နိုင်ပါတယ်။ ချက်နည်းများ တစ်ယောက်နဲ့တစ်ယောက် မတူညီကွဲပြားမှုများ ရှိကြမှာဖြစ်ပြီး အဲဒီနည်းလေးကတော့ လွယ်ကူမြန်ဆန်တဲ့

နည်းလေးမို့ မျှဝေပေးလိုက်ပါတယ်။

Facebook Comments

by Sofia for Food Magazine

ပါ၀င္ပစၥည္းမ်ား

ကြက်ရိုးပြုတ်ရည်-  ၁ အိုး

ကြက်သားလုံး-  ၅ လုံး

ဆန်ကြာဆံ (သို့) ဆန်ပြားခေါက်ဆွဲ-  လက်တစ်ဆုပ်

မုန်ညင်းဖြူ (သို့) မုန်ညင်းစိမ်း-  ၂ ပင်

ရွှေပဲသီး/ပန်းပွင့်-  လက်တစ်ဆုပ်ခန့်

မုန်လာဥနီ-  အနည်းငယ်

ငုံးဥ-  ၃ လုံး

ငါးဖယ်လုံး-  ၃ လုံး

ဆား-  စားပွဲဇွန်း ၁/၂ ဇွန်း

ဟင်းခတ်မှုန့်/သကြား-  အနည်းငယ်

ကြက်သွန်ဖြူဆီချက်-  optional

ငရုတ်ကောင်းမှုန့်

တွဲဖက်စားရန် ဆော့စ်

ချင်း-  အနည်းငယ်

ကော်မှုန့်-  အနည်းငယ်

ခ်က္နည္း

၁။        ကြေးအိုးပြုလုပ်ရန်အတွက် ဦးစွာ ကြက်ရိုးပြုတ်ရည်ကောင်းကောင်း လိုအပ်ပါတယ်။ ကြက်ရိုးပြုတ်ရည်ပြုလုပ်ရန် ကြက်ရိုးကို ရေဆေးသန့်စင်ထားပါ။အိုးတစ်အိုးမှာ ရေဆူအောင်တည်ပြီး ဆူပွက်လာပါက ကြက်ရိုးကို ထည့်၍  ၂ မိနစ်ခန့် တည်ပြီး အထက်အောက်မွှေ၍ အရိုးများကို ဆယ်ယူပါ။ နောက်အိုးတစ်အိုးထဲ ရေနွေးဖြောထားသော ကြက်ရိုးများထည့်ပြီး လိုအပ်သောရေပမာဏထည့်ပါ။ ချင်းအနည်းငယ်ထုထည့်ပါ။ မုန်လာဥဖြူရှိလျှင် ထည့်ပြီး ဆူပွက်အောင်တည်ပါ။ ဆူပွက်ပါက မီးကို အသေးဆုံးအထိ လျှော့ချပြီး မီးအေးအေးဖြင့် ၃ နာရီခန့် တည်ပါ။ အပေါ်ယံတက်လာသော အညစ် အကြေးများကို ခပ်ထုတ်ပါ။ မီးပြင်းပြင်းဖြင့် ဆူပွက်အောင် မတည်ရပါ။ ကြက်ပြုတ်ရည်များ ဖြူဖွေးပြီး နောက်သွားတတ်ပါတယ်။

၂။         ကြက်ရိုးပြုတ်ရည်အစား ကြက်သားတုံးများကို  အသုံးပြုပြီး ကြက်ရိုးပြုတ်ရည်အဖြစ် သုံးနိုင်ပါတယ်။

၃။        ကြက်ပြုတ်ရည်တည်ထားစဉ် ကြေးအိုးပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ဆင်ထားပါ။

၄။        ကြာဆံကို ၁ နာရီခန့် ရေစိမ်ထားပါ။ မုန်ညင်း၊ ရွှေပဲသီး၊ မုန်လာဥနီနှင့် ငါးဖယ်လုံး တို့ကို လှီးဖြတ်ထားပါ။ ငုံးဥပြုတ်ထားပါ။ ကြက်သားကို နုပ်နုပ်စဉ်း၍ ဆား၊ ဟင်းခတ်မှုန့်/ကော်မှုန့်ထည့်ပြီး သမအောင်မွှေ၍ အလုံးလေးများ လုပ်ထားပါ။

၅။        အားလုံးအဆင်သင့်ဖြစ်ပါက စားခါနီးမှသာ ကြေးအိုးချက်ပါ။ ကြေးအိုးချက်ရန် အိုးသေးသေးတစ်အိုးထဲ ကြက်ရိုးပြုတ်ရည်တစ်ပွဲစာ ထည့်ပါ။ ကြက်သား နှင့် ကြာဆံထည့်ပြီး ဆူပွက်အောင် တည်ပါ။ ဆား၊ သကြားနှင့် ဟင်းခတ်မှုန့်ထည့်ပါ။ ကြာဆံနူးပါက မုန်ညင်း၊ မုန်လာဥနီ၊ ရွှေပဲသီး၊ ငါးဖယ်လုံးနှင့် ငုံးဥပြုတ်တို့ကို ထည့်ပါ။ ဆန်ပြားခေါက်ဆွဲဖြင့် စားလိုပါက ဆန်ပြားကို ပန်းကန်ထဲမှာ ထည့်ထားပြီးမှသာ ချက်ပြီးသား ဟင်းချိုကို လောင်းထည့်ပါ။

၆။        အရသာအပေါ့အငန်မြည်း၍ ပန်းကန်ထဲမှာ တည်ခင်းပြီး ကြက်သွန်ဖြူဆီချက်နှင့် ငရုတ်ကောင်းမှုန့်ဖြူး၍ နှစ်သက်ရာဆော့စ်ဖြင့် တွဲဖက်သုံးဆောင် နိုင်ပါပြီ။