
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ကြက်သား – ၃၀၀ ဂရမ်
ပြောင်းဖူးသေး – ၅ ခု
မုန်လာဥနီ – ၁၀ ဂရမ်
ပန်းဂေါ်ဖီ – ၁၅ ဂရမ်
ဗိုလ်စားပဲ – ၆ တောင့်
မှို – ၁၀ ဂရမ်
ကြက်သွန်နီ – ၁ လုံး
ကြက်သွန်ဖြူ – ၅ မြွှာ (ဓားပြားရိုက်)
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ချင်း – ၃ ဂရမ် (ပါးပါးလှီးပါ)
ကြက်သွန်မြိတ် – အနည်းငယ် (အနေတော်လှီးပါ)
ပဲငံပြာရည်အနောက် – စားပွဲဇွန်း ၂ ဇွန်း
ပဲငံပြာရည်အကြည် – စားပွဲဇွန်း ၁ ဇွန်း
သကြား – စားပွဲဇွန်း ၁ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဗီနီကာအမည်း – စားပွဲဇွန်း ၁ ဇွန်း
ရေ – ၃၀၀ မီလီလီတာ
နာနတ်ပွင့် – ၁၀ ပွင့်
ကော်မှုန့် – လိုအပ်သလို
ဆီ – လိုအပ်သလို
နှမ်းဆီမွှေး – အနည်းငယ္
ခ်က္နည္း
ပြုလုပ်နည်း
ပထမဦးစွာ ဆော့စ်ချက်ဖို့အတွက် ဒယ်အိုးတစ်လုံးထဲ ရေ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ သကြား၊ နာနတ်ပွင့်၊ ဆား၊ ဗီနီကာအမည်းတို့ကိုထည့်ပြီး မီးအနေတော်ဖြင့် မိနစ် ၂၀ ခန့် တည်ပါ။ ဆူပြီး အနံ့အရသာပြည့်စုံပြီဆိုလျှင် မီးဖိုမှချပြီး အအေးခံထားပါ။
ပြီးလျှင် ကြက်သားကို အနေတော်လှီးပြီး ဆား၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်၊ ဆီ၊ နှမ်းဆီမွှေးတို့နဲ့နယ်ပြီး နှပ်ထားပါ။ အသီးအနှံများကို အနေတော် လှီးဖြတ်ထားပါ။ ပြီးလျှင် ဒယ်အိုးထဲ ဆီထည့်ပါ။ ဆီပူလာရင် ကြက်သားကို အပေါ်ယံလေးတင်းပြီး အတွင်းသားကျက်သည်အထိ ကြော်ပါ။ ကြက်သားကျက်ပြီး အရောင်ရပြီဆို ပန်းကန်တစ်လုံးထဲ ဆယ်ထားပါ။ လှီးထားတဲ့ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်မြိတ်မှလွဲ၍ ကျန်တဲ့ အသီးအနှံများအားလုံးကို စက္ကန့် ၃၀ ခန့် ဆီပူထဲ ထည့်ကြော်ပါ။ ပြီးလျှင် အားလုံးကို ပန်းကန်တစ်လုံးထဲ ပြန်ဆယ်ထားပါ။ ကြော်ထားတဲ့ ကြက်သား၊ အသီးအနှံများနှင့် ဆော့စ်ရပြီဆိုလျှင် စချက်လို့ရပါပြီ။
ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူနှင့်ချင်းကို ထည့်ဆီသတ်ပါ။ ပြီးလျှင် ကြော်ထားတဲ့ ကြက်သား၊ ကြော်ထားတဲ့အသီးအနှံများကို ထည့်ပြီး မွှေပါ။ အနံ့မွှေးလာပြီဆိုလျှင် စပ်ထားတဲ့ ဆော့စ်နှင့် နာနတ်ပွင့်ကိုပါ ထည့်ပြီး မွှေပါ။ အနံ့အရသာပြည့်စုံပြီဆိုလျှင် ကော်ရည်အနည်းငယ် ထည့်ပါ။ အားလုံးပြီးပြီဆိုလျှင် ကြက်သွန်မြိတ်လေး ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။