
အံ့ဝင့်ထွဋ်
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ကြက်သား – ၂၅၀ ဂရမ် (အနေတော်အတုံးများတုံးပြီး)
ခရမ်းချဉ်သီး – ၁ လုံး
ငရုတ်သီးစိမ်း – ၄ တောင့်
ငရုတ်သီးနီ – ၁ တောင့်
ကြက်သွန်ဖြူ – ၃ မြွှာ
ကြက်သွန်နီ – ၁ လုံး
ကြက်သွန်မြိတ် – အနည်းငယ်
လက်ဖက် (ချဉ်စပ်) – စားပွဲဇွန်း ၂ ဇွန်း
ဆီ – စားပွဲဇွန်း ၂ ဇွန်း
ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ခ်က္နည္း
ပြုလုပ်နည်း
ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို နုပ်နုပ်စဉ်းပြီး ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ကြက်သားထည့်ပြီး ဆီသတ်ပါ။ ကြက်သားအပေါ်ယံတင်းလာပြီဆိုလျှင် ခရမ်းချဉ်သီး (အတုံးသေး)နှင့် ငရုတ်သီး (ပါးပါးလှီး)များကို ထည့်ပါ။ လက်ဖက်နှင့် အရသာများ ထည့်ပေးပါ။ ရေကို လိုအပ်သလို အနည်းငယ်ထည့်ပြီး နှပ်ထားပေးပါ။ ကြက်သားနူးပြီး လက်ဖက်အနံ့လည်း သင်းလာပြီဆိုလျှင် ကြက်သွန်မြိတ် သို့မဟုတ် ရှောက်ရွက်ကို ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။