
ဒါလေးကတော့ မြန်မြန်ဆန်ဆန် ကြော်တဲ့နည်းလေးနဲ့ စားကောင်းပါတယ်။ ထမင်းပူပူနဲ့ တွဲဖက်ရင် စားလို့မြိန်လှပါတယ်ရှင်။
ပန်းခရေ
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ကြက်သားအရိုးလွတ် – ၁၅ ကျပ်သား
မျှစ်ချဉ် – ၁၀ ကျပ်သား
ငရုတ်သီးခွဲခြမ်း – စားပွဲဇွန်း ၁/၂ ဇွန်း
ငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း
နနွင်းမှုန့် – အနည်းငယ်
ငရုတ်အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးစိမ်း – အနည်းငယ်
ရှမ်းနံနံ – အနည်းငယ်
ကြက်သွန်ဖြူ – ၅ တက်
အရိုးပြုတ်ရည် – တစ်ခွက်
ဆား – အနည်းငယ်
သကြား – အနည်းငယ်
ဆီ – စားပွဲဇွန်း ၃ ဇွန်း
ခ်က္နည္း
ကြော်နည်း
မျှစ်ချဉ်ကို အတုံးသေးသေးလှီးပြီး ရေစိမ်ထားပါ။ ကြက်သားကိုလည်း အတုံးသေးသေး တုံးထားပါ။ ရှမ်းနံနံ လက်တစ်ဆစ်အနေဖြတ်ထားပါ။ ငရုတ်သီးစိမ်း ၂ ခြမ်းခြမ်းထားပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်ထားပါ။ ဒယ်အိုးထဲ ဆီထည့်ပြီး တည်ပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ နနွင်း အနည်းငယ်တို့ ထည့်ပြီး ဆီသတ်ပါ။ မွှေးပြီး ကြွပ်လာလျှင် ကြက်သားထည့်ကြော်ပါ။ အသားတွေတင်းလာလျှင် မျှစ်ချဉ် ထည့်ကြော်ပါ။ ငံပြာရည်ထည့်ပါ။ အရောင်တင်မှုန့် ထည့်ပါ။ ငရုတ်သီးခွဲခြမ်းထည့်ပါ။ အရိုးပြုတ်ရည်လောင်းပြီး အဖုံးအုပ်ပြီး ခဏတည်ပါ။ ရေခန်းလာရင် သကြား အနည်းငယ်၊ ဆား အနည်းငယ် ခတ်ပါ။ အရသာမြည်းပါ။ အရသာအနေတော်ဆိုရင် ငရုတ်သီးစိမ်း၊ ရှမ်းနံနံအုပ်ပါ။ အရမ်းမခြောက်စေဘဲ ဆီပြန်ခပ်စိုစိုလေး ချက်ပါရှင်။