ကြက်သားလုံးငုံးဥအဆာသွတ်

ဒါလေးကတော့ ကလေးငယ်လေးတွေ အဓိကအကြိုက်တွေ့စေတဲ့ အစားအစာလေးပါ။ အာဟာရလည်း ပြည့်ဝလို့ ချစ်ရတဲ့ သားသားမီးမီးလေးတွေအတွက် ကြော်ကြည့်ပါနော်။

Facebook Comments

ပန်းခရေ

ပါ၀င္ပစၥည္းမ်ား

ပါဝင်ပစ္စည်းများ

အသားလွှာပြီးသားကြက်ရင်ပုံသား     – ၂၅ ကျပ်သား

မုန်လာဥနီ       – ၁ ခြမ်း

ကြက်ဥ        – ၃ လုံး

ပျားရည်          – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား       – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်      – ဇွန်းဖျားနှင့်အနည်းငယ်

နှမ်းဆီမွှေး     – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ- ၅ တက်

ချင်း     – လက်တစ်ဆစ်

ငုံးဥ         – ၁၅ လုံး

ကော်မှုန့်          – စားပွဲဇွန်း ၁ ဇွန်း

ပေါင်မုန့်ခြောက်အကြမ်း      – ပန်းကန်လုံး ၁ လုံးစာ

ဆီ            – ၁၅ ကျပ်သား

ဆော့စ်စပ်ရန် ပါဝင်ပစ္စည်းများ

ခ်က္နည္း

ကြော်နည်း

အရင်ဆုံး ကြက်သားကို ကြိတ်ပါ။ မုန်လာဥနီကိုလည်း ရောကြိတ်ပါ။ ကြက်ကြိတ်သားထဲ ကြက်ဥ ၁ လုံး၊ ပျားရည်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီမွှေး၊ ကော်မှုန့်၊ ချင်း၊ ကြက်သွန်ဖြူ၊ ဆားတို့ ထည့်ပြီး အစေးပေါက်လာသည်အထိ ပေါက်ပါ။ ပြီးလျှင် နာရီဝက်ခန့် နှပ်ထားပါ။ ငုံးဥကို ပြုတ်ပြီး အခွံခွာထားပါ။ ကြက်ဥ ၂ လုံးကို ပွနေအောင် ခေါက်ထားပါ။ ပေါင်မုန့်ခြောက်အသင့်ပြင်ထားပါ။ နှပ်ထားသော ကြက်ကြိတ်သားကို ငုံးဥ ၂ လုံးစာလောက်ယူပြီး ပြားပါ။ ပြားထားသော ကြိတ်သားထဲ ငုံးဥကို ဌာပနာထည့်ပါ။ ငုံးဥတစ်လုံးလုံးကို ငုံမိအောင် အသားတွေကို မံပြီး ကြက်ဥထဲ နှစ်ပါ။ ပြန်ဆယ်ပြီး ပေါင်မုန့်ခြောက်လူးပါ။ ကြက်ကြိတ်သားနှင့် ငုံးဥအားလုံးလုံးပြီးလျှင် ဆီပူအိုးတည်ပါ။ ဆီကျက်အောင် ပူလာပြီဆိုလျှင် မီးဖိုမီး လုံးဝလျှော့ချပြီးမှ ကြက်သားလုံးလေးများကို မီးအေးအေးနှင့် ကြော်ပါ။ နီရဲကြွပ်မွလာလျှင် ဆယ်ပြီး ဆီစစ်ထားပါ။

ဆော့စ်စပ်ရန်

မရောနိစ်၊ ပျားရည်၊ သံပရာ၊ နံနံပင် နုပ်နုပ်စဉ်းတို့ကို ရောမွှေလိုက်ရင် ကလေးကြိုက်အရသာဆော့စ်လေး ရပါပြီ။