
ကြက်ဥခေါက်ဆွဲကြော်ကတော့ သမီးအရမ်းကြိုက်တဲ့ နံနက်ခင်းစာပါ။ သူကြိုက်လို့ ခဏခဏလုပ်ကျွေးဖြစ်နေတာမို့ Taste Window Magazine က မေမေတွေအတွက် ရေးပေးလိုက်ပါတယ်။ လုပ်ရတာလည်း အချိန်သိပ်မပေးရပါဘူး။ ယိုးဒယားကြက်ဥခေါက်ဆွဲကို သုံးထားပါတယ်။
ပါ၀င္ပစၥည္းမ်ား
-မုန်လာဥနီ၊ ဂေါ်ဖီတို့ကို ပါးပါးလှီးထားပါ။
-ဆီ – အနည်းငယ်
-ပန်းရောင်ဆား – အနည်းငယ်
-ငရုတ်ကောင်းမှုန့် – အနည်းငယ်တို့ လိုအပ်ပါတယ်။
ခ်က္နည္း
ပြင်ဆင်နည်း
ကြက်ဥခေါက်ဆွဲကိုပြုတ် (ပျော့မသွားအောင် သတိထားပါ) ရေစစ်ပြီး ရေအေးနဲ့ အထပ်ထပ် ပြန်ဆေးရေစစ်ထားပါ။ ဝက်ဂုတ်သားကို ဆား၊ ငရုတ်ကောင်းမှုန့်၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်အနည်းငယ်နဲ့ တစ်နာရီလောက် နှပ်ထားပါ။
ပြုလုပ်နည်း
ဒယ်အိုးထဲ ဆီထည့်ပါ။ ဆီပူလာရင် ဝက်ဂုတ်သားထည့်ပြီး ဝက်သားကျက်အောင် ချက်ပါ။ မုန်လာဥနီ၊ ဂေါ်ဖီထည့်မွှေပြီး အဖုံးအုပ်ထားပါ။ အသီးအရွက်နွမ်းပြီဆိုမှ ခေါက်ဆွဲထည့်မွှေ၊ ဆား၊ ငရုတ်ကောင်းမှုန့်လေးထည့်ပြီး ၅ မိနစ်လောက်ထားပြီးရင် ရပါပြီ။