ကြက်ဥမာလာ

ဒါလေးက မြန်မြန်ဆန်ဆန် ချက်လို့ရပြီး ချဉ်စပ်အရသာ မွှေးမွှေးလေးမို့ ချက်ကြည့်စေချင်ပါတယ်ရှင်။

Facebook Comments

ပန်းခရေ

ပါ၀င္ပစၥည္းမ်ား

ပါဝင်ပစ္စည်းများ

ကြက်ဥ      – ၄ လုံး

မာလာနှစ်        – စားပွဲဇွန်း ၁ ဇွန်း

ငရုတ်သီးခွဲခြမ်း       – စားပွဲဇွန်း ၁/၂ ဇွန်း

ငရုတ်အရောင်တင်မှုန့်     -လက်ဖက်ရည်ဇွန် ၁ ဇွန်း

ဂျူးဖူး         – အနည်းငယ်

မုန်လာဥနီ         – အနည်းငယ်

(မိမိနှစ်သက်ရာ အသီးအနှံများလည်း ထည့်နိုင်ပါတယ်)

ကြက်သွန်ဖြူ        – ၅ တက်

ငရုတ်သီးစိမ်း        – စားနိုင်သလောက်

ကြက်သွန်မြိတ်       – အနည်းငယ်

သံပရာသီး           – ၁ ခြမ်း

ဆီ          – ၂ ကျပ်ခွဲသား

ဆား        – အနည်းငယ်

သကြား        – အနည်းငယ်

ခ်က္နည္း

ချက်နည်း

အရင်ဆုံး ဂျူးဖူး၊ မုန်လာဥနီကို ရေဆေးသန့်စင်ပြီး အနေတော်လှလှလှီးထားပါမယ်။ ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ဆီပူမှာ ဆီသတ်ပါ။ မွှေးပြီး ကြွပ်လာရင် ကြက်ဥဖောက်ထည့်ပြီး မွှေကြော်ပါ။ မာလာနှစ်ထည့်ပါ။ ငရုတ်သီးခွဲခြမ်း၊ ငရုတ်အရောင်တင်မှုန့်တို့ ထည့်ပါ။ အသီးအနှံများ ထည့်ပါ။ ရေနွေးအနည်းငယ် ထည့်ပြီး အဖုံးအုပ်တည်ပါ။ အရည်စပ်စပ်အနေတွင် ငရုတ်သီးစိမ်း၊ ကြက်သွန်မြိတ်၊ သံပရာရည်ညှစ်လျှင် အရသာရှိသော လွယ်ကူမြန်ဆန်သည့် ကြက်ဥမာလာရပါပြီ။