
ကြာဆံဆီချက်က ပြုလုပ်ရလွယ်ကူပြီး အဆာပြေစာအဖြစ်လည်း သုံးဆောင်နိုင်ပါတယ်။ ပြုလုပ်နည်းများမှာ တစ်ယောက်နှင့်တစ်ယောက် အနည်းငယ်ကွဲပြားနိုင်ပါတယ်။ ဆိုဖီယာရဲ့ ကြာဆံဆီချက်ပြုလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
by Sofia for Food Magazine
ပါ၀င္ပစၥည္းမ်ား
ဆန်ကြာဆံ- ၁ ထုပ် (၄ဝဝ ဂရမ်)
ကြက်သား – ၁ စိတ်
ကြက်သွန်ဖြူဆီချက် – ၁ ပန်းကန်
နှမ်း ဟွားကျောက်ဆီချက်- ၁ ပန်းကန်
ဆားရည် – ၁ ပန်းကန်
ပဲငံပြာရည်အကြည်- အနည်းငယ်
မြေပဲထောင်း
ငရုတ်သီးဆီချက်
ကြက်သွန်နီကြော်
ကြက်သွန်မြိတ်
နံနံပင်
သံပရာသီး/နှစ်သက်ရာအချဉ်သုပ်
နှမ်းဟွားကျောက်ဆီချက်ပြုလုပ်ရန်
နှမ်းလှော် – ၁ ပန်းကန်
ဟွားကျောက်မှုန့်- စားပွဲဇွန်း ၁ ဇွန်း
ဆီပူ – ၁ ပန်းကန်
ခ်က္နည္း
၁။ ဆန်ကြာဆံကို ၁ နာရီခန့် ကြိုပြီး ရေစိမ်ထားပါ။
၂။ လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ဆင်ပါ။ ကြက်သားကို နှစ်သက် သလို လှီးဖြတ်ပြီး ပြုတ်ထား၊ ကြော်ချက်ထားပါ။
၃။ ဆီချက်ပြင်ဆင်ရန်အတွက် ကြာဆံကို ရေနွေးဆူဆူထဲ ပျော့အောင် ပြုတ်ပြီး ပန်းကန်ထဲထည့်၍ ဆားရည် စားပွဲဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် စားပွဲဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူဆီချက် ၁ ဇွန်း၊ နှမ်းဆီချက် ၁ ဇွန်း ထည့်ပြီး မွှေပါ ။
၄။ အရသာအပေါ့အငန်မြည်းပြီး လိုအပ်ပါက ထပ်မံဖြည့်စွက်ပေးပါ။
၅။ ပြီးလျှင် အပေါ်မှာ ကြက်သား၊ မြေပဲထောင်း၊ ငရုတ်သီးဆီချက် ကြက်သွန်မြိတ်၊ နံနံပင်၊ ကြက်သွန်နီကြော်ဖြူးပြီး နှစ်သက်ရာ အချဉ် သုပ်၊ ကြက်ပြုတ်ရည်ဟင်းချိုတို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။
နှမ်းဟွားကျောက်ဆီချက်ပြုလုပ်နည်း
၁။ နှမ်းလှော်ကိုထောင်းပြီး စတီး (သို့) ေြွကပန်းကန်ထဲ ထည့်ပါ။
၂။ ဟွားကျောက် ဇီချွမ်းငရုတ်ကောင်းကို လှော်ပြီး ထောင်းထားပါ။
၃။ နှမ်းလှော်ထောင်းပန်းကန်ထဲ ဟွားကျောက်မှုန့် ၁ ဇွန်း ထည့်ပါ။
၄။ မီးဖိုပေါ်မှာ ဆီတစ်ပန်းကန်စာ အပူပေးပြီး အနည်းငယ်ကျွမ်းအောင် တည်ထားပါ။
၅။ ဆီပူပါက နှမ်းလှော်ထောင်းနှင့် ဟွားကျောက်အရော ပန်းကန်ထဲ လောင်းထည့်ပြီး အဖုံးအုပ်ထားပါ။ ၅ မိနစ်ခန့်မှာ သုံးရန်အသင့်ဖြစ်ပါပြီ။
၆။ နှမ်းထောင်းနှင့် ဟွားကျောက်ကို မရောဘဲ သီးသန့်လည်း ပြုလုပ် နိုင်ပါတယ်။