ကြေးအိုးဆီချက်

နာမည်ကြီးပြီး လူကြိုက်များတဲ့ ကြေးအိုးပြုလုပ်နည်းလေးကို တင်ပြပြီးသား ဖြစ်တာမို့  ကြေးအိုးနည်းတူ လူကြိုက်များတဲ့  ကြေးအိုးဆီချက်ပြုလုပ်နည်းကို တွဲဖက် တင်ပြပေးလိုက်ပါတယ်။

Facebook Comments

by Sofia for Food Magazine

ပါ၀င္ပစၥည္းမ်ား

ကြက်ရိုးပြုတ်ရည်-  ၁ အိုး

ကြက်သားလုံး-  ၅ လုံး

ဆန်ကြာဆံ (သို့) ဆန်ပြားခေါက်ဆွဲ-  လက်တစ်ဆုပ်

မုန်ညင်းဖြူ (သို့) မုန်ညင်းစိမ်း-  ၂ ပင်

ရွှေပဲသီး/ပန်းပွင့်-  လက်တစ်ဆုပ်ခန့်

မုန်လာဥနီ-  အနည်းငယ်

ငုံးဥ-  ၃ လုံး

ငါးဖယ်လုံး-  ၃ လုံး

ဆားရည် (သို့) ပဲငံပြာရည်အကြည်-  စားပွဲဇွန်း ၁ ဇွန်း

ဟင်းခတ်မှုန့်/သကြား –  အနည်းငယ်

ကြက်သွန်ဖြူဆီချက်-  ၂ ဇွန်း

ငရုတ်ကောင်းမှုန့်

တွဲဖက်စားရန် ဆော့စ်

ခ်က္နည္း

၁။        ပြင်ဆင်ပြုလုပ်ပုံအစမှာ ကြေးအိုးနည်းတူဖြစ်ပြီး ကြက်ပြုတ်ရည်ထဲ ပါဝင်ပစ္စည်း များထည့်ပြုတ်၍ ကြက်သားကျက်ပြီး ကြာဆံနူးအိပါက ဆန်ခါတစ်ခုဖြင့် အရည် များကို စစ်ချပေးပါ။ ဆန်ပြားဖြင့် ပြုလုပ်လိုပါက နောက်ဆုံးမှသာ ဆန်ပြားကို ရောထည့်ပြီး ဆန်ခါဖြင့် စစ်ပါ။

၂။         ပြီးလျှင် ဇလုံငယ်တစ်ခုထဲထည့်ပါ။ ဆားရည် (သို့) ပဲငံပြာရည်အကြည် ၁ ဇွန်း ထည့်ပါ။ ကြက်သွန်ဖြူဆီချက် ၂ ဇွန်း ထည့်၍ သမအောင် တူဖြင့် ဆွပြီး မွှေပါ။

၃။        အရသာအပေါ့အငန်မြည်း၍ တည်ခင်းမည့်ပန်းကန်မှာ ကြာဆံဖတ်များ ဦးစွာ ထည့်ပြီး အပေါ်မှာ ကျန်ဟင်းသီးဟင်းရွက်၊ ကြက်သားလုံး၊ ငါးဖယ်လုံးနှင့် ငုံးဥတို့ကို ထည့်ပါ။ နောက်ဆုံးမှာ ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးပြီး နှစ်သက်ရာဆော့စ်နှင့် ကြက်ပြုတ်ဟင်းချိုတို့ဖြင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။