
David
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ကြက်သား – ၃၀၀ ဂရမ်
ကြက်သားလုံး – ၂၀၀ ဂရမ်
မုန်လာဥဖြူ – ၂၀၀ ဂရမ်
ကွေ့တီယိုအမှုန့် – ၅၀ ဂရမ်
ကန်စွန်းရွက် – ၃၀ ဂရမ်
ပဲပင်ပေါက် – ၃၀ ဂရမ်
ပဲငံပြာရည်အကြည် – ၅၀ ဂရမ်
ကြက်သွန်ဖြူဆီချက် – ၁၀၀ ဂရမ်
ဆန်ခေါက်ဆွဲ – ၂၀၀ ဂရမ်
ငရုတ်သီးမှုန့် – ၂၀ ဂရမ်
ခ်က္နည္း
ပြုလုပ်နည်း
အိုးထဲ ကြက်သား၊ ကြက်သားလုံး၊ မုန်လာဥဖြူ၊ ကွေ့တီယိုအမှုန့်နဲ့ ပဲငံပြာရည်အကြည်တို့ကို ထည့်ပြီး ကြက်သားနူးလာသည်အထိ ပြုတ်ပါ။ ကြက်သားရပြီဆိုလျှင် ကြက်သားကို ဆယ်ပြီး အတုံးလေးတွေ တုံးထားပါ။
ဆန်ခေါက်ဆွဲကို ရေနွေးနဲ့ ၂ မိနစ်ခန့် ပြုတ်ပါ။ ပြီးလျှင် ကန်စွန်းရွက်နဲ့ပဲပင်ပေါက်ကို ၁ မိနစ်ခန့် ရေနွေးဖျောပါ။ ပြီးလျှင် ပန်းကန်တစ်လုံးထဲ ဆန်ခေါက်ဆွဲ၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးမှုန့်၊ ကြက်ပြုတ်ရည် အနည်းငယ်တို့ ထည့်ပြီး သုပ်ပါ။ ပြီးလျှင် ကြက်သားတုံး၊ ကြက်သားလုံးတို့ကို အပေါ်ကတင်ပြီး သုံးဆောင်နိုင်ပါပြီ။