
အံ့ဝင့်ထွဋ်
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ခေါက်ဆွဲ – ၁၅၀ ဂရမ်
ဝက်သား – ၆၀ ဂရမ်
ကြက်သွန်ဖြူ – ၄ မြွှာ (ဓားပြားရိုက်)
ကြက်ဥ – ၁ လုံး
မုန်လာဥနီ – ၅ ဂရမ်
ဂေါ်ဖီ – ၅ ဂရမ်
မုန်ညင်း – ၅ ဂရမ်
ကြက်သွန်မြိတ် – အနည်းငယ်
တရုတ်နံနံပင် – အနည်းငယ်
ကော်မှုန့် – အနည်းငယ်
ခရုဆီ – စားပွဲဇွန်း ၁ ၁/၂ ဇွန်း
ပဲငံပြာရည်အကြည် – အနည်းငယ်
ပဲငံပြာရည်အနောက် – အနည်းငယ်
ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့် – လိုအပ်သလို
ဆီ – စားပွဲဇွန်း ၂ ဇွန်း
ခ်က္နည္း
ပြုလုပ်ပုံ
ဝက်သားကို ပါးပါးလှီးဖြတ်ပြီး ဆား၊ ငရုတ်ကောင်းမှုန့်၊ ခရုဆီတို့ဖြင့် အရသာနယ်ထားပါ။ မုန်လာဥနီ၊ ဂေါ်ဖီ၊ မုန်ညင်း၊ တရုတ်နံနံ၊ ကြက်သွန်မြိတ်တို့ကို ပါးပါးလှီးထားပါ။ ဒယ်အိုးထဲ ဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူကို ဆီသတ်ပါ။ အနံ့မွှေးလာပြီဆို ဝက်သားထည့်ပြီး ကျက်သည်အထိ ဆီသတ်ပါ။ ဝက်သားကျက်ပြီဆို ကြက်ဥထည့်ပြီး မွှေကြော်ပါ။ ပြီးလျှင် ဟင်းသီးဟင်းရွက်များ၊ ခေါက်ဆွဲ၊ အရသာများထည့်ပြီး မွှေပါ။ ရေထည့်ပြီး ခေါက်ဆွဲနူးသွားပြီး အရသာစိမ့်ဝင်သွားသည်အထိ နှပ်ထားပါ။ လိုချင်တဲ့ အနေအထားရပြီဆို ကော်ရည်၊ ကြက်သွန်မြိတ်ထည့်ပြီး ပန်းကန်ပြင်ကာ သုံးဆောင်နိုင်ပါပြီ။