
တစ်နေကုန် လန်းဆန်းတက်ကြွမှုကို ခံစားနိုင်အောင် သောက်သုံးနိုင်ပါတယ်။ ခန္ဓာကိုယ်အဆီမတက်အောင် ထိန်းသိမ်းနေသောသူများ ပိုသောက်သင့်ပါတယ်။ ကျန်းမာရေးလိုက်စားသူများအနေနှင့်လည်း သိပ်ကိုသောက်သုံးသင့်သော Tea ပါ။
► ပါဝင်ပစ္စည်း
♦ ချဉ်ပေါင်ဖူး – ၁ ဘူး
♦ ရေအေး – ၇ဝဝ မီလီ
♦ ရေခဲတုံးအကြီး – လိုသလောက်
♦ ထန်းလျက်ရည် – စားပွဲဇွန်း ၂ ဇွန်း (အရည်ကြိုထားပါ)
♦ ဆား – အနည်းငယ်
► ပြုလုပ်နည်း
၁။ အိုးအသေးလေးထဲကို ချဉ်ပေါင်ဖူးနှင့် ရေထည့်ပြုတ်ပါ။ ဆူအောင်တည်ပါ၊ ပြီးလျှင် မီးမီးမျှင်မျှင်လေးနှင့် ၁၅ မိနစ်လောက်တည်ပါ။ မီးပိတ်ပြီး ချဉ်ပေါင်ဖူး များထည့်ပြီး ၁ဝ မိနစ်လောက်နှပ်ထားပါ။
၂။ အအေးခံထားပါ။ ပါဝင်ပစ္စည်းများကို ဆန်ခါဖြင့်စစ်ပါ။ အရည်ကြည်ကို ထန်းလျက်ရည်ဖြင့်ရောမွှေပါ။
၃။ သောက်သုံးရန် ဖန်ခွက်ထဲ ရေခဲတုံးများထည့်ပါ။ ပြီးမှ အပေါ်မှ အအေးခံထားသော ချဉ်ပေါင်ဖူးအရည်လောင်းချပါ။ လတ်ဆတ်စွာ သောက်သုံးလို့ရပါပြီ။
(မှတ်ချက် – ထန်းလျက်အစား သကြားညိုလည်း အစားထိုးသုံးနိုင်ပါတယ်။)
www.facebook.com/Syi Foodsgarden