
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
တီလားပီးယားငါး – ၁ ကောင်
ကြက်သွန်နီ – ၁ လုံး
ကြက်သွန်ဖြူ – ၃ မြွှာ
ခရမ်းချဉ်သီး – ၁ လုံး
ငရုတ်သီးစိမ်း – ၄ တောင့်
စပါးလင် – ၁ ချောင်း
နံနံပင် – အနည်းငယ်
သံပရာသီး – ၁ လုံး
ကော်မှုန့် – စားပွဲဇွန်းး ၄ ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
ဆီ – စားပွဲဇွန်း ၂ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငံပြာရည် – အနည်းငယ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ခ်က္နည္း
ပြုလုပ်နည်း
ငါးကို အနေတော်အတုံးသေးများ တုံးပါ။ ပြီးလျှင် ကြက်သားမှုန့်နှင့် ကော်မှုန့်တို့ဖြင့် နယ်ပြီး ဆီပူပူမှာ ကြွပ်လာအောင် ကြော်ပါ။ ကြွပ်ပြီး အရောင်ရလာပြီဆိုလျှင် ဆီစစ်ထားပါ။ ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း)နှင့် ကြက်သွန်နီ (နုပ်နုပ်စဉ်း) တို့ကို ဆီသတ်ပါ။ ပြီးလျှင် ငရုတ်သီးစိမ်း (ပါးပါးလှီး) ၊ စပါးလင်နှင့် ခရမ်းချဉ်သီး(နုပ်နုပ်စဉ်း) တို့ကို ထည့်ပါ။ ငါးထည့်ပါ။ အရသာများထည့်ပါ။ သံပရာရည်ညှစ်ပြီး ထည့်ပါ။ အရသာရလာပြီဆိုလျှင် နံနံပင်ကို နုပ်နုပ်စဉ်းပြီး ထည့်ကာ သုံးဆောင်နိုင်ပါပြီ။