
by Myint Oo Thar for Food Magazine
ပါ၀င္ပစၥည္းမ်ား
ငါးခေါက်ဆွဲအတွက် ပါဝင်ပစ္စည်းများ
ဆန်ခေါက်ဆွဲခြောက်- ၁ ထုပ် (ရေစိမ်ထားပါ)
ငါးရံ့- ၆ဝဝ ဂရမ်
နနွင်းမှုန့်- လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဆား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ- ၁.၈ လီတာ
ခရမ်းချဉ်သီး- ၄၅၀ ဂရမ်
ကြက်သွန်မြိတ်- ၂ဝဝ ဂရမ်
ဆန်မှုန့်အစိမ်း- စားပွဲဇွန်း ၄ ဇွန်း
ငါးအသားမှုန့်- လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ဆား- လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သွန်ဖြူဆီချက်ချက်ရန်အတွက် ပါဝင်ပစ္စည်းများ
ကြက်သွန်ဖြူ- စားပွဲဇွန်း ၄ ဇွန်း (နုပ်နုပ်စဉ်းပြီးသား)
ဆီ- စားပွဲဇွန်း ၁၀ ဇွန်း
ငရုတ်သီးကြော်ဆီချက်ချက်ရန်အတွက် ပါဝင်ပစ္စည်းများ
ငရုတ်သီးအကြမ်းဖတ် – စားပွဲဇွန်း ၅ ဇွန်း (၅၀ ဂရမ်)
ဆီ- စားပွဲဇွန်း ၁၀ ဇွန်း
ကြက်သွန်ဖြူ- စားပွဲဇွန်း ၁ ဇွန်း
ဆား- အနည်းငယ်
နံနံပင်
သံပရာသီး
ခ်က္နည္း
၁။ ငါးရံ့ကို ဆား၊ နနွင်းမှုန့်နှင့် နယ်ပြီး ပြုတ်ထားပါ။ ငါးကျက်လျှင် ဆယ်ယူပြီး အအေးခံ ထားပါ။ ငါးပြုတ်ရည်ကို သိမ်းထားပါ။
၂။ ငါးကို အသားနွှင်၍ အရိုးကို ထောင်းပြီး အရည်စစ်ယူပါ။ ပြီးလျှင် ငါးပြုတ်ရည်အိုးထဲ လောင်းထည့်ပါ။
၃။ ခရမ်းချဉ်သီးကို နူးအောင်ပြုတ်ပြီးလျှင် စက်ဖြင့် ကြိတ်ပါ။
၄။ ကြက်သွန်မြိတ်ကို အရှည်လိုက် လှီးဖြတ်ထားပါ။
၅။ ငါးပြုတ်ရည်အိုးကို မီးဖိုပေါ်တင်ပြီး ဆူအောင် တည်ထားပါ။ ပြီးလျှင် ကြိတ်ထားတဲ့ ခရမ်းချဉ်သီးနှင့် ကြက်သွန်မြိတ်ကို ထည့်ပါ။
၆။ ပြန်ဆူလာလျှင် ဆန်မှုန့်ကို ရေအနည်းငယ်နဲ့ ရောပြီး ထည့်ပါ။
၇။ ပြီးလျှင် ဆား၊ ငါးအသားမှုန့်နှင့် နွှင်ထားတဲ့ ငါးအသားထည့်ပြီး တည်ပါ။
၈။ ဟင်းရည်ပျစ်လာပြီဆိုလျှင် အဆင်သင့်ဖြစ်ပါပြီ။
၉။ ကြက်သွန်ဖြူဆီချက်ချက်ရန်အတွက် ဒယ်အိုးအသေးထဲ ဆီထည့်ပါ။ ဆီပူလာလျှင် နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူထည့်၍ ကြက်သွန်ဖြူမွှေးပြီး ြွကပ်လာသည်အထိ ကြော်ပါ။ ပြီးလျှင် ပန်းကန်လုံးထဲ ထည့်ထားပါ။
၁၀။ ငရုတ်သီးကြော်ဆီချက်ချက်ရန်အတွက် ဒယ်အိုးထဲ ဆီထည့်ပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူထည့်ကြော်ပါ။ ပြီးလျှင် ငရုတ်သီးအကြမ်းဖတ်ထည့်ပြီး ကြော်ပါ။ ဆား အနည်းငယ်ထည့်ပြီး မွှေပါ။ ပြီးလျှင် ပန်းကန်လုံးထဲ ထည့်ထားပါ။
၁၁။ စားသုံးမည်ဆိုပါက ပန်းကန်ထဲ ဆန်ခေါက်ဆွဲထည့်ပါ။ ဟင်းရည်လောင်းထည့်ပါ။ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးဆီချက်နှင့် နံနံပင်ထည့်၍ သံပရာရည်ညှစ်ပြီး သုံးဆောင်ပါ။