
ပန်းခရေတို့ ငယ်တုန်းက အမေက ငါးပုပ်မီးကင် တအားကြိုက်တာ ငါးပုပ်မီးကင်ပြီးရင် အရေခွံကို သတ်သတ်ဖယ်ထားပြီး ခရမ်းသီး၊ ကြက်ဟင်းခါးသီးနဲ့နှပ်၊ ဆန်ပြုတ်ကို ငါးပုပ်အရေခွံနဲ့ ပြုတ်တယ်။ ဆန်ပြုတ်ကို ငါးပုပ်အရေခွံနဲ့ပြုတ်ရင် အရမ်းမွှေးတာ အရေခွံဖတ်ကလေးတွေကလည်း အိစက်ပြီး တအားစားကောင်းတာ ခုလည်း ငယ်ဘဝအလွမ်းပြေ ငါးပုပ်အရေခွံနဲ့ ခရမ်းသီးလေး နှပ်ထားပါတယ်ရှင်။
ပန်းခရေ
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ခရမ်းသီး – ၁၀ လုံး
ငါးပုပ်အရေခွံ – လက်တစ်ဆုပ်
ငါးပိစိမ်းစား – ကွမ်းသီးလုံးခန့်
ကြက်သွန်နီ – ၅ လုံး
ကြက်သွန်ဖြူ – ၂ ဥ
ငရုတ်သီးစိမ်း – အစပ်စားနိုင်သလောက်
ဆီ – ၅ ကျပ်သား
ခ်က္နည္း
နှပ်နည်း
ခရမ်းသီးကို ခေါင်းမပြတ်အောင် လေးစိတ်ထိုးပြီး မဲမသွားအောင် ရေထဲ နနွင်းအနည်းငယ် ထည့်စိမ်ထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ထောင်းပါ။ နှပ်မည့်အိုးထဲ ငါးပုပ်အရေခွံများ ညှပ်ထည့်ပါ။ ငရုတ်သီးစိမ်း ညှပ်ထည့်ပါ။ နနွင်း၊ ငါးပိစိမ်းစား၊ ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆီတို့ထည့်ပြီး ပိုင်နိုင်စွာ နယ်ပါ။ ခရမ်းသီးများထည့်ပြီး ထပ်နယ်ပါ။ နယ်သားကျသွားလျှင် ရေမြုပ်အောင်ထည့်ပြီး တည်ပါ။ အနှစ်တွေလည်း ကျက်လာပြီ အနံ့လည်းမွှေးလာပြီဆိုလျှင် မီးလျှော့ချပြီး မီးအေးအေးနှင့် ခရမ်းသီးများ နူးအိလာသည်အထိ နှပ်ပါ။ ငါးပုပ်အရေခွံများ ဟင်းအနှစ်နှင့်လုံးပြီး အိစက်ကာ အလွန်စားကောင်းပါတယ်။