
Facebook Comments
ပန်းခရေ
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ငါးသလောက် – ၁ ကောင်
သံပရာသီး – ၂ လုံး
စပါးလင် – ၁ ချောင်း
ငရုတ်သီးစိမ်း – ၁၀ တောင့်
နနွင်းမှုန့် – အနည်းငယ်
ငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း
ဆား – အနည်းငယ်
ပင်စိမ်း – အနည်းငယ်
ကြက်သွန်ဖြူ – ၅ တက်
ဆီ – စားပွဲဇွန်း ၁ ဇွန်း
ခ်က္နည္း
ချက်နည်း
ငါးသလောက် တစ်ကောင်ကို ၃ ပိုင်းပဲ ပိုင်းပြီး ရေဆေးသန့်စင်ကာ ဆား၊ နနွင်းတို့နဲ့ နယ်ထားပါ။ ဒယ်အိုးထဲ ဆီထည့်ပြီး တည်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ဆီသတ်ပါ။ မွှေးပြီး အရောင်ပြောင်းလာလျှင် ငါးထည့်ပါ။ ငံပြာရည် ထည့်ပါ။ ရေနွေးလောင်းထည့်ပြီး အဖုံးအုပ်တည်ပါ။ ငါးများနူးလာလျှင် ငရုတ်သီးစိမ်းခတ်ပါ။ သံပရာရည်ညှစ်ပါ။ အပေါ့အငန်မြည်းပြီး အနေတော်ဆိုရင် ပင်စိမ်းအုပ်ပြီး ပူပူနွေးနွေးစားလျှင် အရသာပိုရှိပါတယ်။