
ပင်စိမ်းနံ့သင်းတဲ့ ငါးအစပ်ချက်တစ်မျိုးပါ။ ငါးပိပါလေကာနဲ့ ငရုတ်သီးနိုင်နိုင် ထည့်ထားတာကြောင့် ထမင်းပူပူလေးနဲ့ တွဲစားရင် အင်မတန်လိုက်ဖက်ပါတယ်။
► ပါဝင်ပစ္စည်းများ
♦ ငါးအသားလွှာ – ၃ဝဝ ဂရမ်
♦ ကြက်သွန်ဖြူ – ၅ မြွှာ (ညက်ညက်ထောင်းထားပါ)
♦ ကြက်သွန်နီဥကြီး – တစ်ဥခွဲ (ပါးပါးလှီးပါ)
♦ ငါးပိ – လက်ဖက်ရည် ဇွန်း၁ဇွန်းခန့်
♦ ခရမ်းချဉ်သီးအကြီး – ၁လုံး (ပါးပါးလှီးထားပါ)
♦ ငရုတ်သီးစိမ်း – ၇ တောင့်ခန့် (မညက်တစ်ညက်ထောင်းပါ )
(အစပ်ကြိုက်လျှင် ပိုထည့်နိုင်ပါတယ်)
♦ ပင်စိမ်း – အနည်းငယ်
► ချက်နည်း
၁။ ငါးကို အတုံးသေးသေးတုံးကာ ဆား၊ နနွင်းနယ်ကာ ၁၅ မိနစ်ခန့်ထားပါ။
၂။ ကြက်သွန်ဖြူနီကို ဆီသတ်ကာ အညိုရောင်ပြောင်းလျှင် ငါးပိ၊ ငရုတ်သီးများ ထည့်ကာဆီသတ်ပေးပါ။
၃။ ထို့နောက် ခရမ်းချဉ်သီးထည့်ကာ ကြေအောင်တည်ပါ။
၎။ နောက်ဆုံးမှ ငါးများကိုထည့်ချက်ပေးပါ။ ရေအနည်းငယ်ထည့်ကာ ဆီပြန်ရေကျန် အနေရောက်အောင်တည်ပါ။
၅။ မီးဖိုပေါ်မှချခါနီးမှ ပင်စိမ်းအနည်းငယ်ကို ထည့်ပေးပါ။
၆။ ပင်စိမ်းနံ့သင်းသင်းနဲ့ အရသာရှိသော ငါးအစပ်ချက်ရပါပြီ။