
မစည်သိရသလောက်ဆို ငုံးသားကိုချက်စားကြတာ နည်းပါတယ်။ အကြော်နှင့် အကင်ကိုပဲ ဦးစားပေး လုပ်စားဖြစ်ကြသောသူများ များပါတယ်။ ဒါကြောင့် မစည်က ကြော်တာလေးကို မန်းကျည်းနှင့် ပြန်နှပ်တာ ချက်လိုက်တော့ လူကြိုက်များသွားသော ဟင်းတစ်ခွက် ဖြစ်သွားတာကြောင့် အားလုံးချက်စားလို့ရအောင် ပြန်မျှဝေလိုက်ပါတယ်နော်…။
► ပါဝင်ပစ္စည်းများ
♦ ငုံး – ၃ ကောင် (အကောင်လိုက် ရေဆေး ဆားနယ်နပ်ထားပါ)
♦ ဆီ – လိုသလောက် (ငုံးကြော်ရန်)
► ငုံးနယ်ရန်
♦ ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
♦ ဟင်းခတ်အမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
♦ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
♦ ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
♦ ချင်းအရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
► ဟင်းအနှစ် လုပ်ရန်
♦ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
♦ ကြက်သွန်ဖြူ – ၃ မြွှာ(ထောင်းထားပါ)
♦ ကြက်သွန်နီ – ၃ လုံး (ထောင်းထားပါ)
♦ ချင်း – လက်တစ်ဆစ်ဝက် (ထောင်းထားပါ)
♦ အသီးအရွက်ဆီ – စားပွဲဇွန်း ၂ ဇွန်း
♦ ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ငရုတ်သီးစိမ်း – ၅ တောင့် (အစေ့ထုတ်ပြီး သေးသေးလေးတွေထားပါ)
♦ ပင်စိမ်း – ၃ ပင်
♦ အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
♦ မန်ကျည်းနှစ် – စားပွဲဇွန်း ၁ ဇွန်း ခွဲ
► ပြုလုပ်နည်း
၁။ ငုံးအကောင်လေးများ ဆူးချွန်လေးနှင့် တစ်ကောင်လုံးနှံ့အောင်ထိုးပြီး ငုံးနယ်ရန် ပစ္စည်းလေးများထည့်ပြီး နှံ့အောင်နယ်နှပ်ထားပါ။
၂။ မီးအနေတော်နှင့် ငုံးကြော်ရန်ဆီကို ဆီပူအောင်တည်ပါ။ ဆီပူလာလျှင် ဆားနယ်ထားသောငုံးထည့်ပြီး ငုံးရွှေရောင်သန်းလာသည် အထိလောက်ကြော်ပါ။ ဆီစစ်ထားပါ။
၃။ ဟင်းအနှစ်တည်ရန် မီးအနေတော်နှင့် အိုးပူလာအောင်တည်ပါ။ ဆီထည့်ပြီး ကြက်သွန်ဖြူ/နီ၊ ချင်း၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းထည့်ပြီးဆီသတ်ပါ။ ကြက်သွန်နွမ်းပြီး အနံ့မွှေးလာလျှင် မန်ကျည်းနှစ်ကိုထည့်၍လုံးပေးပါ။ ပြီးလျှင် ငံပြာရည်ထည့်ပြီး တည်ပါ။ ကျန်ဆီသတ်ရန် ပါဝင်ပစ္စည်းများထည့်ပြီးတည်ပါ။
၎။ ခရမ်းချဉ်သီးအနှစ်ထဲ ငုံးကြော်ထည့်ပြီး လုံးပေးပါ။ ရေအနည်းငယ်ထည့်ပြီး နှံ့အောင်မွှေပေးပါ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။ ရေခန်းသွားလျှင် ပင်စိမ်းရွက်ဖြူးပြီး မီးဖိုပေါ်မှချပါ။
www.facebook.com/Syi Foodsgarden