စားဖိုဆောင်သုံး ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း (၁၁)

မြန်မာစားဖိုမှူးများအတွက် လုပ်ငန်းခွင် လက်တွေ့ အသုံးချပညာရပ်များကို ‘‘Myanmar Chefs Development Centre”  ရဲ့ “Chefs Education Page” မှာ လစဉ်ဖော်ပြပေးနေပါတယ်။ ဒီလမှာလည်း မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းမှာ သင်ကြား လိုက်နာနေပြီး ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော လုပ်ငန်းများမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းများသိရှိနေတဲ့ လက်တွေ့အသုံးချဆောင်ရွက်ကြရမယ့် အသိပညာ၊ အတတ်ပညာများကို အခန်းဆက်ပုံစံမျိုးဖြင့် မြန်မာပြန် ရေးသားမျှဝေပေးသွားမှာဖြစ်ပါတယ်။ အထူးသဖြင့်

“ဟိုတယ်နှင့် စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းများ”ထဲမှ အစားအစာ ပြင်ဆင်ချက်ပြုတ်ခြင်း “Food Production” နှင့်သက်ဆိုင်သော အပိုင်းများကို အထူးပြု ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် အချက် အလက်များကို ဩစတြေးလျနိုင်ငံရှိ “Australian AID” နှင့် “အရှေ့တောင်အာရှ နိုင်ငံများအသင်း” ASEAN အဖွဲ့ အစည်းနှစ်ခု၏ အာဆီယံနိုင်ငံများအတွင်းရှိ ခရီးသွား လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ အတွက် “William Angliss Institute of TAFE” တက္ကသိုလ်မှ “ASEAN Australia Development Cooperation Program (AADCP) Phase II: Toolbox Development for Tourism Divisions: Front Office, Food & Beverages Services, Food Production Project” အတွက် အထူးပြင်ဆင်ထုတ်ဝေပေးထားသည့်  “Booklet” မှ တိုက်ရိုက် မြန်မာဘာသာပြန်ဆိုရေးသား ဖော်ပြပေးနေတာဖြစ်ပါတယ်။ ဒီလအတွက် ဆက်လက် ဖော်ပြပေးလိုတဲ့  “စွမ်းဆောင်နိုင်သော စံနှုန်းသတ်မှတ် ချက်” (Competency Standard) ရဲ့  ခေါင်းစဉ်ကတော့

“စားဖိုဆောင်သုံးကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” “Clean and Maintain Kitchen Equipment & Utensils (D1.HRS.CL1.03)” နှင့် သက်ဆိုင်သော အသိပညာများအား ယခင်လမှ အဆက်အဖြစ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီလမှာတော့ “ဘာသာရပ်ခေါင်းစဉ်” (Unit Descriptor )  အနေနဲ့ “စားဖိုဆောင်သုံးကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန် ့စင်ခြင်း နှင့် ထိန်းသိမ်းခြင်း” “Clean and Maintain Kitchen Equipment & Utensils” နှင့် သက်ဆိုင်သော ခေါင်းစဉ်၏ သတ်မှတ် အမှတ်စဉ်နံပါတ် (Unit Code ) (D1.HRS.CL1.03) အတွက် “သင် ကြားလေ့လာရန် လိုအပ်သည့်ကြာမြင့်ချိန် နာရီ စုစုပေါင်း” (Nominal Hours ) အနေဖြင့် နာရီ (၂၀) ကြာမြင့်မည်ဟု ယေဘုယျအားဖြင့် သတ်မှတ်ထား ပါတယ်။ ဒီဘာသာရပ် ခေါင်းစဉ်ကို သင်ကြားရာမှာ သင်ယူလေ့လာသူ သင်တန်းသားများအနေဖြင့် လုပ်ငန်း ခွင်ကျွမ်းကျင်မှု  (Skill) နှင့် လုပ်ငန်းခွင်အတွေ့အကြုံ (Knowledge) တို့ ရှိသင့်တဲ့ အဆင့်တစ်ခုမှာ သိရှိပြီး ဖြစ်ဖို့ရာ ဦးစွာလိုအပ်ပါတယ်။ သို့မှသာ ဟိုတယ်နှင့် စက်မှုလုပ်ငန်းကြီးများ၏ တည်ဆောက်ပုံနှင့် လုပ်ငန်း

ခွင် အပြင်အဆင် သဘောသဘာဝများကို ဆက်စပ် သိရှိထားပြီး မည်ကဲ့သို့ လိုက်နာ ဆောင်ရွက်ရမည်ကို သိရှိထားရန် လိုအပ်ပါတယ်။

ယခုလမှာတော့ စားဖိုဆောင်အတွင်းရှိ  ကိရိယာ တန်ဆာပလာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်ရှင်း ရေး ပြုလုပ်ရန်အတွက် လိုအပ်သော လုပ်ဆောင်ရမည့် အချက်များကို ခေါင်းစဉ်ငယ်များဖြင့် ဖော်ပြပေးထား တဲ့အထဲက ပထမဆုံးခေါင်းစဉ်ငယ်တစ်ခုဖြစ်တဲ့ “လုပ် ဆောင်ချက် (၁၊ ၁) စားဖိုဆောင်အတွင်း သန့်ရှင်းရေး လုပ်ဆောင်ရမည့် နေရာများအား စနစ်တကျသတ်မှတ် ၍ သန့်ရှင်းရေးပြုလုပ်ခြင်း။” (Element 1, Clean Kitchen Premises) (Criteria(1.1)Identify the areas that may require cleaning in a Kitchen premises environment and the frequency of cleaning for each identified area.).]  မှာ ပါဝင်တဲ့ အချက်အလက် တွေကို် ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

(ဆ)     အမှိုက်ပုံးများနှင့် အမှိုက်ကန် (သို့) အမှိုက်သိုလှောင် သိမ်းဆည်းသည့် ဧရိယာများ။

မီးဖိုဆောင်အတွင်းရှိ အမှိုက်ပုံးများကို ဆေးကြော သန့်စင်နိုင်စေရန် အမှိုက်အိတ်စွပ်၍ အသုံးပြုရပါမည်။ သို့မှသာ အမှိုက်ပြည့်သွားလျှင် အမှိုက်အိတ်ကို ဖယ်ရှား စွန့်ပစ်ပြီး အမှိုက်ပုံးအား သန့်စင်ပေးနိုင်ပေမည်။ အမှိုက်ပုံး များ ဆေးကြောသန့်စင်ခြင်းကို  နေ့စဉ်မပျက် ဆောင်ရွက် ရမည်ဖြစ်ပြီး အလုပ်ပြီးမြောက်ချိန်တိုင်း သန့်စင်ဆေး ကြော၍ လေသလပ်ခံပြီး အခြောက်ခံထားရပါမည်။

အမှိုက်ပုံးများကို လေသလပ်ခံပြီး အခြောက်ခံထား ရာတွင် အမှိုက်ပုံးကို ဇောက်ထိုးလှန်ထားပြီး အဖုံးဖွင့်ထား ရပါမည်။ သို့မှသာ လေအေးများ အမှိုက်ပုံးအတွင်း ဝင် ရောက်သန့်စင်နိုင်ပြီး အမှိုက်ပုံး၏ အတွင်းနှင့် အပြင် နံရံ များကို ခြောက်သွေ့စေနိုင်မည်ဖြစ်ပါသည်။ အတွင်းနှင့် အပြင်နံရံများ အားလုံးခြောက်သွေ့သွားပြီဖြစ်သော အမှိုက်ပုံးများကို အမှိုက်အိတ်စွတ်၍ အဖုံးတပ်ဆင်ပြီး အဆင်သင့်ပြင်ထားရပါမည်။ အမှိုက်ပုံးသန့်ရှင်းရေးကို လည်း နေ့စဉ်ပုံမှန်ဆောင်ရွက်ရန် အထူးလိုအပ်ပါသည်။

 

(ဇ) သန့်စင်ကန်များနှင့် ရေနုတ်မြောင်းစနစ်များ။

သန့်စင်ကန်များကို အစဉ်အမြဲမပြတ်အစဉ်တစိုက် သန့်ရှင်းထားရန် လိုအပ်ပါသည်။ ခေတ်မီစနစ်ကျသော မီးဖိုဆောင်များတွင် သန့်စင်ကန် (၄) မျိုး မဖြစ်မနေ ရှိရ ပါမည်။ ゞင်းတို့ကို အောက်တွင် ဖော်ပြထားပါသည်။

  • လက်ဆေးသန့်စင်ကန်
  • စားသောက်ကုန်များ ဆေးကြောသန့်စင်ကန်
  • အထွေထွေဆေးကြောသန့်စင်ကန်
  • ကြမ်းပြင်များ သန့်စင်ကန် (အထူးသဖြင့် အစား အစာများ ပြင်ဆင်ချက်ပြုတ်သည့်နေရာနှင့် ဝေးသော နေရာတွင် ထားရှိရပါမည်။ ゞင်းသန့်စင်ကန်များသည် အသုံးပြုပြီးတိုင်း အစဉ်အမြဲမပြတ် သန့်စင်ဆေးကြော နေရမည်ဖြစ်ပြီး တစ်နေ့တာ တာဝန်ပြီးဆုံးချိန်တိုင်း တွင်လည်း ပိုးသတ်သန့်စင်ခြင်းများနှင့် အခြောက်ခံ သိမ်းဆည်းထားရပါမည်။)

ရေနုတ်မြောင်းစနစ်များအနေဖြင့် ရေနုတ်မြောင်း များ၏ မြောင်းအဖုံးများကို ဖယ်ရှားပြီးမှ ရေ၊ဆပ်ပြာတို့ဖြင့် သန့်စင်ပြီး ပိုးသတ်သန့်စင်ခြင်းများကိုပါ တစ်ပါတည်း ဆောင်ရွက်ရပါမည်။ မြောင်းအဖုံးများတွင် ကပ်ငြိနေသည့် အမှိုက်များ၊ အပျက်အစီးအစအနများကိုလည်း ဦးစွာ သန့်စင်ထားရန် လိုအပ်ပါသည်။ ရေနုတ်မြောင်းများကို

နေ့စဉ်ပုံမှန် သန့်စင်ထားပါက လေသလပ်အခြောက်ခံရန် မလိုအပ်ပါ။ သူ့အလိုအလျောက် ခြောက်သွေ့ သန့်စင်နေပါ လိမ့်မည်။

 

(ဈ)      အစားအစာများ ပြင်ဆင်ချက်ပြုတ်သည့် စားဖိုဆောင် ရှိ နံရံများ။

အစားအစာများ ပြင်ဆင်ချက်ပြုတ်သည့် စားဖို ဆောင်၊ မီးဖိုချောင်ရှိ နံရံများကိုလည်း တစ်ပတ်တစ်ကြိမ် (သို့) နှစ်ပတ်တစ်ကြိမ်ခန့် ပုံမှန်သန့်စင်ပေးရမည် ဖြစ်ပါ သည်။ ဩစတြေးလျနိုင်ငံ၏ စံနှုန်းမှာ ကြမ်းပြင်မှ အမြင့် ၂၁ဝဝ မီလီမီတာအထိ သန့်စင်ထားရန် လိုအပ်ပါသည်။ နံရံ၏ အမြင့် ၂၁ဝဝ မီလီမီတာနှင့် အထက်ပိုင်းများကို

၃ လလျှင်တစ်ကြိမ်နှုန်းဖြင့် သန့်စင်ထားပါသည်။ အထူး အားဖြင့် လိုအပ်ပါက လိုအပ်သလို နံရံများအား ပိုးသတ် သန့်စင်ခြင်းများ ဆောင်ရွက်ရပါမည်။

 

(ည) ဝန်ထမ်းများ၏ အဝတ်လဲခန်းများ။

ဝန်ထမ်းများ၏ အဝတ်လဲခန်းများသည်လည်း အမြဲမပြတ် သန့်ရှင်းထားရန် လိုအပ်ပါသည်။ အစား

အစာများ ပြင်ဆင်ချက်ပြုတ်သည့် စားဖိုဆောင်ကဲ့သို ့ အထူး ဂရုပြု ဆောင်ရွက်ရန် မလိုအပ်ပေမည့် ပုံမှန်စစ်ဆေး ပြီး နေ့စဉ်သန့်ရှင်းထားရန် လိုအပ်ပါသည်။

ဝန်ထမ်းများက အဝတ်လဲခန်းများတွင် အစားအစာ များ သယ်ယူစားသုံးလေ့ရှိသောကြောင့်လည်းကောင်း၊ အလုပ်ချိန်တွင် လူအသွားအလာ နည်းပါးခြင်းကြောင့် လည်းကောင်း မလိုလားအပ်သော ပိုးမွှားများ၏ကြီးစိုး ခြင်းများ ရှိနိုင်ပါသည်။

ဝန်ထမ်းများက အဝတ်လဲခန်းများတွင် အဝတ်စိုများ၊ အဝတ်ဟောင်းများထားရှိကြသဖြင့် အနံ့အသက်ဆိုး

များ ရှိနေတတ်သောကြောင့်လည်း နေ့စဉ်ပုံမှန်သန့်ရှင်း ရေး ဆောင်ရွက်ရန် လိုအပ်ပါသည်။

 

(ဍ)       အမှိုက်သိုလှောင်ကန်များထားရှိသည့်

ဧရိယာများ။

အမှိုက်များ ယာယီသိုလှောင်ထားသည့် အမှိုက် ကန်များထားရှိသည့် ဧရိယာများတွင် အမှိုက်များအား ရွေးချယ်၍ သတ်မှတ်ထားသည့်နေရာများသို့ စွန့်ပစ်ရန် နှင့် ပြန်လည်အသုံးပြု၍ရသော အမှိုက်များအား ခွဲခြားရန် လိုအပ်သဖြင့် ゞင်းဧရိယာများကိုလည်း သန့်ရှင်းထားရန် လိုအပ်ပါသည်။ အမှိုက်အမျိုးအစားများအား အောက်ပါ အတိုင်း ခွဲခြားရွေးချယ်ရန် လိုအပ်ပါသည်။

  • မြေဩဇာနှင့် သဘာဝမြေဩဇာဖြစ်စေနိုင်ပြီး အပင်များစိုက်ပျိုးရန် စိုက်ပျိုးမြေများအတွက် လိုအပ် သော အမှိုက်များ။
  • ပြန်လည်အသုံးပြုနိုင်သော စက္ကူအပိုင်းအစများနှင့် သတင်းစာ၊ စာရွက်အဟောင်းများ။
  • ပလတ်စတစ်ဘူးများ၊ ခွက်များ၊ ပလတ်စတစ် ပစ္စည်း မျိုးစုံတို့တွင် ပြန်လည်အသုံးပြုနိုင်သည့်အမှိုက်များ နှင့် ပြန်လည် အသုံးမပြုနိုင်တော့သည့် အမှိုက်များ ကို ခွဲခြားရပါမည်။
  • ဖန်ထည်ပစ္စည်းအမှိုက်များ။
  • ဆီအဟောင်းများ (ရေနုတ်မြောင်းများအတွင်းသို့ လုံးဝ မစွန့်ပစ်ရမည့် ဆီဟောင်းနှင့် ဆီထွက်အြွကင်း အကျန်များ)
  • သတ္တုပစ္စည်းအမှိုက်များ၊ ကိရိယာအပျက်များ၊ အလူမီနီယံစွန့်ပစ်ပစ္စည်းများ စသည်ဖြင့် ရွေးချယ် ခွဲခြား ထားရန် လိုအပ်ပါသည်။

အထက်ဖော်ပြပါ မတူညီသောအမှိုက်များကို အမှိုက် သိုလှောင်ကန်များတွင် သီးခြားသန့်စင်စွာထားရှိပြီး လုံခြုံမှု ရှိစေရန်လည်း ဆောင်ရွက်ထားရန် လိုအပ်ပါသည်။ အမှိုက် များထားရှိသိုလှောင်သည့်ကန်များနှင့် ဧရိယာများ၏ ကြမ်းပြင်များကို သန့်စင်ခြောက်သွေ့အောင် ဆောင်ရွက် ထားရပါမည်။ ဖိတ်စဉ်မှောက်ကျခြင်းများ ရှိပါလည်း သန့်ရှင်းမှုရှိစေရန် ဆောင်ရွက်ရပါမည်။ အမှိုက်များ သိုလှောင်ထားသည့် ဧရိယာများရှိ ကြမ်းပြင်များ မသန့်ရှင်း ပါက ပိုးဟပ်၊ ြွကက်ကဲ့သို့ ပိုးမွှားတိရစ္ဆာန်များအတွက် အခွင့်အလမ်းများ ရရှိသွားနိုင်သည်ကို အထူးသတိပြုရပါ မည်။ ထို့ကြောင့် အမှိုက်များ ခေတ္တသိုလှောင်ထားသည့် အမှိုက်ကန်များထားရှိသည့် ဧရိယာများကို သန့်ရှင်းရေး လုပ်ဆောင်ရန်မှာ အလွန်အရေးကြီးပါသည်။

 

(ဋ)       လေသန့်စင်ဆန်ခါများနှင့် လေဝင်လေထွက်

စနစ်များ။

လေသန့်စင်ဆန်ခါများနှင့် လေဝင်လေထွက် စနစ် များထားရှိရန် အထူးလိုအပ်သည့်ဧရိယာများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

  • မီးဖိုများနှင့် မုန့်ဖုတ်ဖိုများ၏ အပေါ်တည့်တည့်ရှိ မျက်နှာကြက်များတွင် လေသန့်စင်စနစ်ရှိရပါမည်။
  • မီးဖိုဆောင်အတွင်း မှန်ကန်သော လေအေးပေးစနစ် တပ်ဆင်ထားရန် လိုအပ်ပါသည်။
  • နံရံများနှင့် မျက်နှာကြက်များတွင် လေဝင်လေထွက် တံခါးများ၊ ပန်ကာများ၊ ခေါင်းတိုင်များနှင့် လေသန့် စင်စက်များ တပ်ဆင်ထားရန် လိုအပ်ပါသည်။
  • နံရံတွင် အချိန်သိရှိနိုင်စေရန် နာရီများ ထားရှိရန် လိုအပ်ပါသည်။
  • နံရံများတွင် မီးသတ်ဆေးဘူးများ ချိတ်ဆွဲထားရန် အထူးလိုအပ်ပါသည်။
  • အရေးပေါ် ဆေးသေတ္တာနှင့် ဆေးပစ္စည်းများကို နံရံတွင် သိသာထင်ရှားစွာထားရှိရန် လိုအပ်ပါသည်။

မီးဖိုများအပေါ်တွင် မီးခိုးခေါင်းတိုင်ကဲ့သို့ တပ်ဆင် ထားသော Hook or Vents လေဝင်လေထွက်ဆန်ခါများ၊ ဆန်ခါများ၊ စနစ်များကို တစ်ပတ်တစ်ကြိမ် သန့်ရှင်းရေး ပြုလုပ်ပါမည်။ စားဖိုဆောင်နှင့် မီးဖိုချောင်ရှိ လေဝင် လေထွက်ပေါက်များ၊ လေဝင်လေထွက်ဆန်ခါများနှင့် လေအေးပေးစက်စနစ်များကို အနည်းဆုံး (၆) လမှ

(၁၂) လအတွင်း သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ အစားအစာလုံခြုံစိတ်ချရသောစနစ်

(Food Safety Plan) တွင် နေရာမျိုးစုံအပြင် အမြင့်တွင် ရှိသော နံရံများနှင့် မျက်နှာကြက်များကိုလည်း ပုံမှန် သန့်ရှင်းထားရန် လိုအပ်ပါသည်၊ နံရံများပေါ်တွင် တည်ရှိ နေသော အရာအားလုံးကို စာရင်းပြုစုထားပြီး အစဉ်အမြဲ သန့်ရှင်းနေစေရန်လည်း ဆောင်ရွက်ရပါမည်။

မြန်မာစားဖိုမှူးများ ဖွံ့ ဖြိုးတိုးတက်ရေးစင်တာ၊ ရန်ကုန်မြို့။ (Myanmar Chefs Development Centre-MCDC, Yangon ) ရဲ့  “Chef Education Page” ကို လစဉ် လက်တွေ့လုပ်ငန်းခွင်အသုံးချအတတ်ပညာ၊ အသိပညာ များအား ရေးသားဖော်ပြပေးနေပါတယ်။ လာမယ့်လ တွေမှာလည်း အထက်မှာ ဖော်ပြခဲ့တဲ့ “ဟိုတယ်နှင့် စား

သောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်းများ” နှင့် သက်ဆိုင် သော အပိုင်းများကို  အထူးပြုဖော်ပြပေးသွားမှာ ဖြစ်ပါ တယ်။ ဒီလအတွက် ဆက်လက်ဖော်ပြပေးခဲ့တဲ့ “စွမ်း ဆောင်နိုင်သော စံနှုန်းသတ်မှတ်ချက်” (Competency Standard ) ရဲ့ ခေါင်းစဉ်ကတော့ “စားဖိုဆောင်သုံး ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများအား သန့်စင်ခြင်းနှင့် ထိန်းသိမ်းခြင်း” “Clean and Maintain Kitchen Equipment & Utensils(D1.HRS.CL1.03)” နှင့် သက်ဆိုင်သော အသိပညာများထဲမှ ခေါင်းစဉ်ငယ် တစ်ခု ဖြစ်တဲ့ “လုပ်ဆောင်ချက် (၁ ၊ ၁) စားဖိုဆောင်အတွင်း

သန့်ရှင်းရေးလုပ်ဆောင်ရမည့်နေရာများအား စနစ်တကျ သတ်မှတ်၍ သန့်ရှင်းရေးပြုလုပ်ခြင်း။ (Element 1, Clean Kitchen Premises) [Criteria(1.1)Identify the areas that may require cleaning in a Kitchen premises environment and the frequency of cleaning for each identified area.] မှာပါဝင်တဲ့ အချက်အလက်တွေကို ဖော်ပြပေးသွားခဲ့တာပဲ ဖြစ်ပါ တယ်။ ရှေ့လတွေမှာလည်း ခေါင်းစဉ်ငယ်တစ်ခုဖြစ်တဲ့

“လုပ်ဆောင်ချက် (၁၊ ၂) စားဖိုဆောင်သုံး ကိရိယာ တန်ဆာပလာများအား မှန်ကန်သည့် ဆပ်ပြာ၊ ဓာတုဗေဒ ပစ္စည်းများဖြင့် သန့်စင်ရန် ရွေးချယ်ခြင်း။” ((Element 1, Clean Kitchen Premises) [Criteria(1.2)I Select appropriate Cleaning Utensils and Chemical] မှာ လေ့လာရမယ့်အချက်များကို ဆက်လက် ဖော်ပြပေးသွား မှာမို့ လေ့လာဖတ်ရှုနိုင်ပါတယ်။ Welcome to MCDC,  Yangon. ! Be a Chef by your self ! See you next month !

Facebook Comments

by Chef Sunny for Food Magazine