
by Syi Lwin for Food Magazine
ဝိုင်ကို အစားအစာများထဲ အနည်းငယ် ထည့်ချက်ခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ လူကြီးများအတွက် ဒီအချိုပွဲလေးကို တီထွင်လိုက်ပေမယ့် ကလေးတွေ စားဖို့ဆိုရင်တော့ ဝိုင်မထည့်ဘဲ အချိုရည်ပဲ ထည့်ပြီးလုပ်ပါ။
ပါဝင်ပစ္စည်းများ
ရေ – ၁/၂ ခွက်
ဂျယ်လီမှုန့် – ၁ ထုပ်
သကာရည် – စားပွဲဇွန်း ၅ ဇွန်း
စတော်ဘယ်ရီ – ၈ – ၁၀ (အကွင်းလေးတွေ ခပ်ပါးပါးလှီးထားပါ)
စပျစ်ဝိုင်အဖြူ – ၁/၂ ခွက်
ပူဒီနာ – ၁ ပင် (အရွက်များြွေခထားပါ)
ပြုလုပ်နည်း
၁။ ရေကို ဆူအောင် တည်ပါ။ ရေဆူလာလျှင် ဂျယ်လီမှုန့် ဖောက်ထည့်ပြီး အဆက် မပြတ် မွှေပါ။ မီးမျှဉ်းမျှဉ်းလေးဖြင့် တည်ထားပါ။
၂။ ပြီးလျှင် သကာရည်နှင့် ဝိုင်ကို ရောမွှေပါ။ ပြီးလျှင် စတော်ဘယ်ရီအဖတ်များ ထည့်မွှေပါ။ ပြီးလျှင် မီးဖိုပေါ်မှ ချပါ။
၃။ လိုရာ ပုံစံခွက်လေးများထဲ ထည့်၍ ရေခဲသတ္တာထဲထည့်ပြီး အအေးခံပါ။ စားခါနီးမှ ဂျယ်လီတုံးလေးများကို ပူဒီနာရွက်ဖြင့် အလှဆင်ပြီး အအေးအနေဖြင့် သုံးဆောင် နိုင်ပါတယ်။