
ထိုင်းဟင်းချိုတစ်မျိုးပါ။ ထိုင်းစားသောက်ဆိုင်ရောက်ရင် လူတိုင်းနီးပါး တုန်မ်ယန်းဟင်းချိုကိုပဲ မှာစားလေ့ရှိတယ်။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေ ထိုင်းဆိုင်မှာ သွားစားတိုင်း တုန်မ်ယန်းဟင်းချို အမြဲသောက်နေရာက တစ်ရက်မှာ အသစ်အဆန်းစားကြမယ်ဆိုပြီး ဒီဟင်းချိုလေးကို မှာစားရာကနေပြီး ကြိုက်နှစ်သက်ခဲ့လို့ စာဖတ်ပရိသတ်တွေလည်း ကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်။ လွယ်ကူတဲ့ Recipie ဖြစ်လို့ ချက်နည်းလေးကို ကြည့်ကြရအောင် . . . ။
► လိုအပ်သောပစ္စည်းများ
♦ ကြက်ရင်ပုံသား – ၃ ခု. ပါးပါးလှီးထားပါ
♦ ပတဲကောတက် အသေး – ၁ တက် (အခွံခွာပြီးပါးပါးလှီးထားပါ)
♦ အုန်းနို့ – ၂ ခွက်
♦ ကြက်ပြုတ်ရည် – ၁ ခွက်
♦ ငရုတ်သီးမှည့်အတောင့်ရှည် – ၂ တောင့် (အစေ့ထုတ်ပြီး နုပ်နုပ်စဉ်းပါ)
♦ ထိုင်းငံပြာရည် – စားပွဲဇွန်း နှစ်ဇွန်းခွဲ
♦ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ရှောက်ဘီလူးရွက် (Kaffir Lime Leaves) – ၃ ရွက်
♦ နံနံပင် – ၃ ပင် (ပါးပါးလှီးထားပါ)
► ပြုလုပ်နည်း
အိုးတစ်လုံးတွင် ကြက်ပြုတ်ရည်၊ အုန်းနို့၊ ပတဲကောထည့်ပြီး မီးမြှင်းမြှင်းဖြင့် ဆူလာသည်အထိတည်ထားပါ။ တစ်ချက်ချက်မွှေပေးပါ။ ပြီးလျှင် ကြက်သားနှင့် ငရုတ်သီးထည့်ပါ။ အချိန် ၈-၁ဝ မိနစ်ခန့် ကြာလျှင် ငံပြာရည်၊ သကြား၊ ရှောက်ရွက်ထည့်မွှေပါ။ ပြီးလျှင် စားသုံးမည့် ပန်းကန်လုံးတွင်ထည့်ပြီး နံနံပင်အုပ်ပြီး စားသုံးနိုင်ပါပြီ။