
ပုစွန် ကျော့နှင့် ပုစွန်ကျား ၂ မျိုးကို အသုံးပြုပြီး ချက်ထားတဲ့ဟင်းဖြစ်ပါတယ်။ ပုစွန်မှထွက်လာသော သဘာဝအချိုအရသာနှင့် တွဲဖက်ပြီးချက်ထားတာ စားလို့အတော်ကောင်းလွန်းလို့ အဲဒီလိုနေ့မျိုး ထမင်းအိုးပြောင်ပါတယ်။ ပရိသတ်ကြီးလည်း ချက်စားကြည့်လိုက်ပါအုံးနော်… ။
► ပါဝင်ပစ္စည်းများ
♦ မျှစ် – ၁၅ ကျပ်သား (မျှင်ထားပြီးသား)
♦ ကိုင်းခရမ်းချဉ်သီး – ၅ လုံး (ခပ်ပါးပါး လှီးထားပါ)
♦ ပုစွန်ကျော့ – ၁၅ ကျပ်သား (အခွံခွာထားပါ)
♦ ပုစွန်ကျား – ၁ဝ ကျပ်သား (ခေါင်းကိုထားပြီး ကိုယ်ပိုင်းအခွံများခွာထားပါ)
♦ ပင်စိမ်း – ၃ ပင် (ခပ်ကြမ်းကြမ်းလေးလှီးထားပါ)
► ဟင်းအနှစ် လုပ်ရန်
♦ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
♦ ကြက်သွန်ဖြူ – ၃ မြွှာ(ထောင်းထားပါ)
♦ ကြက်သွန်နီ – ၂ လုံး (ထောင်းထားပါ)
♦ အသီးအရွက်ဆီ – ၃ ဇွန်းခွဲ စားပွဲဇွန်း
♦ ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
♦ ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ငရုတ်သီးစိမ်း – ၁ဝ တောင့် (ထက်ခြမ်းခြမ်းထားပါ)
♦ ပင်စိမ်းရိုး – ၃ ရိုး
♦ အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
► ပြုလုပ်နည်း
၁။ အိုးထဲကိုဆီထည့်ပြီး ဆီပူလာလျှင် နနွင်းမှုန့်၊ ကြက်သွန်နီ-ဖြူကို အရင်ဆီသတ်ပါ။ ကြက်သွန်ဖတ်များ နွမ်းလာလျှင် ဟင်းအနှစ်လုပ်ရန် ပစ္စည်းများထည့်ပါ။ မီးအနေတော်နှင့် ဆီသတ်ပါ။ အိုးမကပ်အောင်မွှေပေးပါ။ အရောင်လှပြီး အားလုံးမွှေးလာလျှင် ခရမ်းချဉ်သီး ရောပါ။ အခွံလိပ်လာပြီး ဆီပြန်လာတဲ့အထိတည်ပါ။
၂။ ခရမ်းချဉ်သီးအနှစ်ထဲ ပုစွန်များရောပါ။ ခပ်ဖွဖွလေး မွှေပေးပါ။ ပုစွန်အရောင်ပြောင်းလာလျှင် မျှစ်ရောပါ။
၃။ မျှစ်နူးအိလာတဲ့အထိ တည်ပါ။ အိုးချခါနည်း ပင်စိမ်းအုပ်ပါ။ အရသာကို ကိုယ့်စိတ်တိုင်းကျ ပြုပြင်နိုင်ပါတယ်။ ပူပူလေး ထမင်းဖြင့်တွဲ စားသုံးပါက ပိုမိုကောင်းမွန်ပါတယ်။
www.facebook.com/Syi Foodsgarden