ပုစွန်ကုန်းဘောင်ကြီးကြော်

by အံ့ဝင့္ထြဋ္  (MRTV – 4) for Food Magazine

ဒီဟင်းလျာကတော့ ပုစွန်ကို ကြိုက်နှစ်သက်သူများအတွက် အရသာတွေ့စေပြီး လက်စွမ်းပြလို့ကောင်းတဲ့ ဟင်းလျာတစ်ခုပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သွန်နီ –  ၁ လုံး

ချင်း –  အနည်းငယ်

ပဲငံပြာရည်အကြည် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ခရုဆီ –  စားပွဲဇွန်း ၁ ဇွန်း

နှမ်းဆီမွှေး –  အနည်းငယ်

ဆီ –  လိုအပ်သလို

ငရုတ်သီးကြော် –  ၇ တောင့်

မုန်လာဥနီ –  အနည်းငယ်

ဗိုလ်စားပဲ –  ၄ တောင့်ခန့်

ပန်းဂေါ်ဖီ –  ၁၀ ဂရမ်

ပုစွန် –  ၄ဝဝ ဂရမ်

ကော်မှုန့် –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်မြိတ် –  အနည်းငယ်

တရုတ်နံနံပင် –  အနည်းငယ်

ဆား –  အနည်းငယ်

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

သကြား –  အနည်းငယ်

ပဲငံပြာရည်အနောက် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ –  ၄ မြွှာ

ပြုလုပ်နည်း

ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ။ ကြက်သွန်နီကို ၄ စိတ်စိတ် ပြီး အဖတ်လေးများ ခွာပါ။ ချင်းကို အမျှင်လေးများ လှီးဖြတ်ထားပါ။ ဗိုလ်စားပဲကို အနေတော်လှီးပါ။ မုန်လာဥနီကို ပါးပါးလှီးပါ။ ပန်းဂေါ်ဖီ နှင့် ကြက်သွန်မြိတ်ကို အနေတော်လှီးပါ။ ပုစွန်ကို ငရုတ်ကောင်းမှုန့်၊ သကြား၊ ဆား၊ နှမ်းဆီမွှေးထည့်ပြီး နယ်ပါ။ ပြီးလျှင် ကော်မှုန့်နဲ့

ထပ်ပြီး နယ်ပါ။ ပုစွန်ကို ဆီပူပူမှာ ြွကပ်အောင်ကြော်ပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပြီဆိုလျှင် ကြက်သွန်ဖြူနှင့် ချင်းကို ဆီသတ်ပါ။ ငရုတ်သီးကြော် ထည့်ပါ။ ပြီးလျှင် လှီးထားတဲ့ အသီး အနှံများနှင့် ကြက်သွန်နီကို ထည့်ပါ။ အရသာများဖြင့် ခရုဆီ၊ ပဲငံပြာ ရည် အနောက်/အကြည်၊ သကြား၊ ဆားနှင့် ငရုတ်ကောင်းတို့ကို ထည့်ပါ။ ရေအနည်းငယ် ထည့်ပြီး အနှစ်ရအောင်ချက်ပါ။ ပြီးလျှင် ကြော်ထားသော ပုစွန်များ ထည့်ပါ။ ပြီးလျှင် ကော်ရည်အနည်းငယ် ထည့်ပါ။ ကြက်သွန်မြိတ်ထည့်ပြီးလျှင်တော့ ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

 

Facebook Comments