
ဒီလအတွက် ရွေးချယ်ဖော်ပြပေးလိုက်တဲ့ ဟင်းလျာလေးကတော့ အသီးအရွက်တွေကို ပုစွန်၊ ပင်လယ်စာ စသည်တို့ဖြင့် ပြင်ဆင်ချက်ပြုတ်ရတာကို နှစ်သက်ခုံမင်သူများ အတွက် အရသာထူးခြားပြီး ပြင်ဆင်ရတာလည်း လွယ်ကူစေတဲ့ တရုတ်အစားအစာနဲ့ ဂျပန်အစားအစာနှစ်မျိုးကို ပေါင်းစပ်ဖန်တီးထားတဲ့ “ပုစွန်ရေညှိလိပ်၊ မုန်ညင်းဂေါ်ဖီဖူး နှင့် ကောက်ရိုးမှို ခရုဆီကြော်” လေးပဲ ဖြစ်ပါတယ်။ မုန်ညင်းဂေါ် ဖီဖူးလေးက အနည်းငယ် ထူးခြားပါတယ်။ အာဟာရတန်ဖိုးလည်း မြင့်ပါတယ်။ ပုစွန်ကို ရေညှိလေးနဲ့ လိပ်ပြီးမှ အသီးအရွက်တွေနဲ့ ရောကြော်ထားတာမို့ နူးညံ့ပြီး အရသာလည်း ထူးပါတယ်။ ကဲ…ထူးခြားတဲ့ “ပုစွန်ရေညှိလိပ်၊ မုန်ညင်းဂေါ် ဖီဖူးနှင့် ကောက်ရိုးမှို ခရုဆိီကြော်” လေးကို ချက်ကြည့်ကြရအောင်…OK…
by Chef Sunny for Food Magazine
ပါ၀င္ပစၥည္းမ်ား
ကျားပုစွန်- ၁ဝဝ ဂရမ်
ရေညှိပြား- ၁ ချပ်
ကောက်ရိုးမှို – ၈၀ ဂရမ်
မုန်ညင်းဂေါ် ဖီဖူး- ၈၀ ဂရမ်
ကြက်သွနု်ဖြူ – ၁၅ ဂရမ်
ခရုဆီ- ၂ ဇွန်း
ကြက်ပြုတ်ရည်- ၅၀ မီလီလီတာ
နှမ်းဆီမွှေး- အနည်းငယ်
ရှမ်းငရုတ်နီအမျှင်- အနည်းငယ်
ကြက်သွန်ဖြူမြိတ်- အနည်းငယ်
ဟင်းရွက်ဆီ- ၃ ဇွန်း
ခ်က္နည္း
၁။ ကောက်ရိုးမှိုကို ထက်ခြမ်းလှီး၍ ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး မွှေးလာသည်အထိ ဟင်းရွက်ဆီ
နှင့် ကြော်ထားပါ။
၂။ ကျားပုစွန်ကို ရေညှိဖြင့် လိပ်ပြီး ကောက်ရိုးမှိုနှင့် ၂ မိနစ်ခန့် အနံ့မွှေးလာသည်အထိ ထည့်ကြော်ပါ။
၃။ မုန်ညင်းဂေါ် ဖီဖူးကို ပြုတ်၍ ထက်ဝက်လှီးဖြတ်ပြီး ကျားပုစွန်၊ ကောက်ရိုးမှိုတို့နှင့် ၁ မိနစ်ခန့် ရောကြော်ပါ။
၄။ ခရုဆီနှင့် ကြက်ပြုတ်ရည်ကို ထည့်ပြီး ၂ မိနစ်ခန့်ကြော်၍ နှမ်းဆီမွှေး အနည်းငယ်အုပ်ပြီး ရှမ်းငရုတ်နီအမျှင် အနည်းငယ်ဖြင့် အလှဆင်တည်ခင်းပါ။