ပဲကြာဆံကြော်

Facebook Comments

ပါ၀င္ပစၥည္းမ်ား

ပါဝင်ပစ္စည်းများ

ပဲကြာဆံ    – ၁၀၀ ဂရမ် (ရေစိမ်ထားပါ)

ကြက်သွန်ဖြူ       – ၄ မြွှာ

မှိုမည်း          – ၂ ခု (ရေစိမ်ထားပါ)

မုန်လာဥနီ       – ၅ ဂရမ်

ဂေါ်ဖီ       – ၅ ဂရမ်

မုန်ညင်းဖြူ        – ၅ ဂရမ်

ကြက်သွန်မြိတ်        – အနည်းငယ်

ဝက်သား         – ၅၀ ဂရမ်

ကော်မှုန့်       – အနည်းငယ်

ခရုဆီ          – စားပွဲဇွန်း ၁ ၁/၂ ဇွန်း

ပဲငံပြာရည်အကြည်       – အနည်းငယ်

ဆား       – အနည်းငယ်

သကြား     – အနည်းငယ်

ငရုတ်ကောင်းမှုန့်       – အနည်းငယ်

ကြက်ဥ       – ၁ လုံး

နှမ်းဆီ       – အနည်းငယ်

ဆီ        – စားပွဲဇွန်း ၂ ဇွန်း

ခ်က္နည္း

ပြုလုပ်ပုံ

ဝက်သားကို ပါးပါးလှီးပြီး ဆား၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်၊ ခရုဆီတို့ဖြင့် အရသာနယ်ထားပါ။ မုန်လာဥနီ၊ ဂေါ်ဖီ၊ မုန်ညင်း၊ မှိုမည်းတို့ကို ပါးပါးလှီးဖြတ်ထားပါ။ ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆူပူလာရင် ကြက်သွန်ဖြူ ဆီသတ်ပါ။ အနံ့မွှေးလာပြီဆို ဝက်သားထည့်ပြီး ကျက်သည်အထိ ဆီသတ်ပေးပါ။ ဝက်သားကျက်ပြီဆိုလျှင် ကြက်ဥထည့်ပြီး မွှေကြော်ပါ။ ပြီးလျှင် ဟင်းသီးဟင်းရွက်၊ ပဲကြာဆံနှင့်အရသာများ ထည့်ပြီး မွှေပါ။ ရေကို လိုအပ်သလို ထည့်ပြီး ခဏနှပ်ထားပါ။ အနံ့အရသာပြည့်စုံပြီဆို ကော်ရည်၊ နှမ်းဆီနှင့် ကြက်သွန်မြိတ်တို့ ထည့်ပြီး မွှေပါ။ အားလုံးပြည့်စုံပြီဆိုလျှင် ပန်းကန်ပြင်ပြီး သုံးဆောင်နိုင်ပါပြီ။