ပဲဂျယ်လီ

by Sofia for Food Magazine

ပဲဂျယ်လီဆိုတဲ့အတိုင်း အဲဒီမုန့်လေးက မတ်ပဲအမှုန့်နဲ့ပြုလုပ်ပြီး ကြည်ကြည်တုန်တုန်လေးနဲ့ အေးမြတဲ့အရသာကို ပေးစွမ်းနိုင်တဲ့ အချိုပွဲလေးဖြစ်ပါတယ်။ လုပ်စားကြည့် ရအောင်နော်။

ပါဝင်ပစ္စည်းများ

မတ်ပဲမှုန့် (Mung Bean Flour) –  ၁ဝဝ ဂရမ်

ထန်းလျက် –  ၂ဝဝ ဂရမ်

ရေ –  ၉ဝဝ မီလီလီတာ

အုန်းသီး –  အနည်းငယ်

ပြုလုပ်နည်း

၁။        ဦးစွာ ထန်းလျက်ကို ရေအနည်းငယ်ဖြင့် ကျိုပြီး ဆန်ခါဖြင့် စစ်ထားပါ။

၂။         မတ်ပဲအမှုန့်ကို ရေ ၂ဝဝ မီလီလီတာခန့် ထည့်ပြီး ဖျော်ထားပါ။

၃။        အိုးတစ်လုံးထဲမှာ လက်ကျန်ရေနှင့် ထန်းလျက်ရည်တို့ကိုရောပြီး ဆူပွက်အောင် တည်ပါ။

၄။        ဆူပွက်လာပါက အသင့်ဖျော်ထားသောပဲရည်ကို သမအောင်မွှေပြီး တစ်ဖက်မှ ဖြည်းညင်းစွာ လောင်းထည့်၍ တစ်ဖက်မှ ယောက်မဖြင့်  အဆက်မပြတ် မွှေပါ။

၅။        ပဲနှစ်လေးများကြည်လာပါက အအေးခံမည့်ဗန်းထဲ လောင်းထည့်ပြီး အအေးခံထားပါ။

၆။        လုံးဝအေးသွားပါက လိုသလိုလှီးဖြတ်၍ အုန်းသီးအဖတ်ဖြူးပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments