
ဒီဟင်းလျာလေးက ရိုးရှင်းလွယ်ကူပြီး အရသာ ရှိတဲ့ အသုပ်လေးပါ။ ကုန်ကျစရိတ်လည်း သက်သာ သလို အရသာလည်း တစ်မူထူးခြားတဲ့ ဟင်းလျာလေးပါ။
အံ့၀◌င့်ထွဋ် (MRTV - 4) for Food Magazine
ပါ၀င္ပစၥည္းမ်ား
ပြောင်းဖူး- ၁ ဖူး
ကင်းမွန်- ၂ဝဝ ဂရမ်
ဆီချက်- စားပွဲဇွန်း ၁ ဇွန်း
နှမ်း- စားပွဲဇွန်း ၁ ဇွန်း
ဆား- လိုအပ်သလို
မြေပဲထောင်း- စားပွဲဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူကြော်- စားပွဲဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့်- လိုအပ်သလို
ခရမ်းချဉ်သီး- ၁ လုံး
ကြက်သွန်နီ- ၁ လုံး
သံပရာသီး- ၁ လုံး
ကြက်သွန်မြိတ်- အနည်းငယ်
နံနံပင်- အနည်းငယ်
ငံပြာရည်- အနည်းငယ်
ခ်က္နည္း
ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကို ပါးပါးလှီးပါ။ သံပရာသီးကို လှီးပါ။ ကြက်သွန်မြိတ် အနေတော်လှီးပါ။ နံနံပင်ကို ပါးပါးလှီးပါ။ ပြောင်းဖူးပြုတ်ကို လှီးပါ။ ကင်းမွန် ကို အကွင်းလိုက်လှီးပါ။ ကင်းမွန်ကို ရေနွေးပူပူမှာ ဆား အနည်းငယ်၊ သံပရာရည်နှင့် ရေနွေးဖြောပါ။ ပါဝင် ပစ္စည်းများကို ဇလုံထဲ ထည့်ပြီး အရသာများအဖြစ် နှမ်း၊ ကြက်သွန်ဖြူကြော်၊ မြေပဲ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငံပြာ ရည်နှင့် ဆီချက်တို့ကို ထည့်ပြီး သုပ်ပါ။ အနံ့အရသာနှင့် ပြည့်စုံပါက ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။