
ပါ၀င္ပစၥည္းမ်ား
ပါဝင်ပစ္စည်းများ
ကြက်သား (ကြက်စဉ်းကောသား) – ၄၀၀ ဂရမ်
ကြက်ဥ – ၁ လုံး
တရုတ်မဆလာ – ၄၀ ဂရမ်
အရသာမှုန့် – ၃၀ ဂရမ်
ငရုတ်ကောင်းမှုန့် – ၁၀ ဂရမ်
ကော်မှုန့် – ၅၀ ဂရမ်
ကြက်သွန်မြိတ် – ၅၀ ဂရမ်
ပဲငံပြာရည်အနောက် – ၅၀ ဂရမ်
ခရုဆီ – ၁၀၀ ဂရမ်
ကြက်သွန်ဖြူ – ၅၀ ဂရမ် (နုပ်နုပ်စဉ်းပါ)
ဆီ – ၁၅၀ ဂရမ်
ဖက်ထုပ်ရွက် – ၁ ထုပ်
ခေါက်ဆွဲ – ၇၀ ဂရမ်
ထိုင်ဝမ်မုန်ညင်း – ၁ စည်း
ခ်က္နည္း
ပြုလုပ်ပုံ
ဇလုံတစ်ခုထဲ ကြက်စဉ်းကောသားကို အရသာမှုန့်၊ ကော်မှုန့်၊ မဆလာ၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်တို့ နယ်ပါ။ ကြက်ဥတစ်လုံး ဖောက်ထည့်ပြီး နယ်ပါ။ ခဏနှပ်ထားပါ။
ဆီချက် ချက်ရန် ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာရန် ကြက်သွန်ဖြူထည့်ပြီး ဆီချက် ချက်ပါ။ ကြက်သွန်ဖြူ အရောင်တက်ပြီး မွှေးလာပြီဆိုလျှင် ကြက်သွန်ဖြူဖက်များကို ဆယ်ပြီး ပန်းကန်လုံးထဲ ထည့်ထားပါ။ ပြီးလျှင် ဆီထဲ ပဲငံပြာရည်အနောက်နဲ့ ခရုဆီထည့်ပြီး အနှစ်ချက်ပါ။ အနှစ်ရပြီဆိုလျှင် ပန်းကန်တစ်လုံးထဲ ထည့်ပြီး အအေးခံထားပါ။
ဖက်ထုပ် ထုပ်ရန် နယ်နှပ်ထားတဲ့ အသားကို ဖက်ထုပ်ရွက်တစ်ခုစီမှာ ထည့်ပြီး ထုပ်ပါ။ ဖက်ထုပ်များရပြီဆိုလျှင် ရေနွေးဖြင့် ၃ မိနစ်ခန့် ပြုတ်ပါ။ ပြီးလျှင် ခေါက်ဆွဲနှင့် ထိုင်ဝမ်မုန်ညင်းတို့ကို ရေနွေးဆူဆူထဲ ၁ မိနစ်ခန့် ဖျောပါ။ ဖက်ထုပ်ရပြီဆိုလျှင် ပန်းကန်တစ်လုံးထဲ ခေါက်ဆွဲ၊ ထိုင်ဝမ်မုန်ညင်းတို့နှင့် ရောထည့်ပြီး ချက်ထားတဲ့ ဆီချက်၊ အနှစ်တို့ထည့်ပြီး သမအောင် မွှေပါ။ ဆီချက်အနှစ်များ သမသွားပြီဆိုလျှင် ပန်းကန်ထဲ ထည့်ပြီး ဖယ်ထားတဲ့ ကြက်သွန်ဖြူဆီချက်ဖြင့် အလှဆင် သုံးဆောင်နိုင်ပါပြီ။