
ဒီဖက်ထုပ်ပြုတ်က လွယ်ကူရိုးရှင်းပြီး အရသာလည်းရှိတဲ့ ဟင်းလျာလေးပါ။ သားသား၊ မီးမီးတို့အတွက် ကျောင်းပိတ်ရက်တွေမှာ အလွယ်တကူ ပြင်ဆင်ပေးနိုင်ပြီး အကြိုက် တွေ့စေတဲ့ ဖက်ထုပ်ပြုတ် ဖြစ်ပါတယ်။
by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine
ပါ၀င္ပစၥည္းမ်ား
ဝက်သား- ၁ဝဝ ဂရမ်
ဆီ- လိုအပ်သလို
ကြက်သွန်ဖြူ- ၃ မြွှာ (ဓားပြားရိုက်ပါ)
ကော်မှုန့်- စားပွဲဇွန်း ၁ ဇွန်း
ကြက်သွန်နီ- ၁ လုံး (၄ စိတ်စိတ်ပါ)
ဆား- အနည်းငယ်
မုန်လာဥနီ၊ ဂေါ်ဖီ၊ မုန်ညင်း၊
ကြက်သွန်မြိတ် – အနည်းငယ်စီ
(ပါးပါးလှီးထားပါ)
တရုတ်နံနံ- အနည်းငယ်
ဖက်ထုပ်အရွက်- ၂၀ ရွက်ခန့်
ပဲပြား- ၁ တုံး
ဟင်းခတ်မှုန့်- အနည်းငယ်
ပဲငံပြာရည်အကြည်- အနည်းငယ်
သကြား- အနည်းငယ်
ခ်က္နည္း
၁။ ဇလုံတစ်လုံးထဲ ဝက်သားကို ငရုတ်ကောင်းမှုန့်၊ ဆား၊ သကြား၊ ကော်မှုန့်နှင့် ဆီ အနည်းငယ်ထည့်ပြီး အရသာ နယ်ပါ။
၂။ အသားလုံး ၅ လုံးခန့် လုံးပါ။
၃။ ဝက်သားပြားကို ဖက်ထုပ်ထဲ ထည့်ပါ။
၄။ ဖက်ထုပ်ကို ပြုတ်ပါ။
၅။ ရေဆူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန် မြိတ် အနည်းငယ်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ဟင်းခတ်မှုန့်နှင့် ပဲငံပြာရည်အကြည်တို့ကို ထည့်ပါ။
၆။ ရေဆူလာလျှင် ဝက်သားလုံးနှင့် ဖက်ထုပ်ကို တစ်ခါ
တည်း ထည့်ပါ။
၇။ ပဲပြားကို ထည့်ပါ။
၈။ ရေဆူလာလျှင် ပါးပါးလှီးထားတဲ့ အသီးအနှံများ
ထည့်ပါ။
၉။ ပြီးလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။