
by Sofia for Food Magazine
အိန္ဒိယအချိုပွဲဖြစ်တဲ့ မလိုင်လုံးဆိုရင် လူကြီး၊ လူငယ်၊ ကလေး အကုန်နှစ်သက် ကြမယ်လို့ ထင်ပါတယ်။ အချို့ဒေသများမှာ အလွယ်တကူဝယ်ယူနိုင်ပေမယ့် အချို့ ဒေသများမှာတော့ မလွယ်ကူလှပါဘူး။ ဒါကြောင့် မိမိတို့ နေအိမ်မှာ သုံးဆောင်နိုင်ဖို့နဲ့ အလှူမင်္ဂလာ ဧည့်ခံပွဲများမှာ အချိုပွဲအဖြစ် တည်းခင်းနိုင်ဖို့ လုပ်နည်းလေး မျှဝေပေး လိုက်ပါတယ်။ Gulab Jamun မလိုင်လုံးလုပ်နည်းပေါင်းများစွာထဲက အလွယ်ကူဆုံး လုပ်နည်းလေးကို မျှဝေပေး လိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ (အလုံး ၃၅ လုံး)
နွားနို့ခဲ – ၄ဝဝ ဂရမ်
ဂျုံ – ၆၀ ဂရမ်
နို့မှုန့် – ၃၀ ဂရမ်
ဆော်ဒါ – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ကြော်ရန်ဆီ
သကြားရည်
သကြား – ၆ဝဝ ဂရမ်
ရေ – ၆ဝဝ မီလီလီတာ
ဖာလာစေ့ – ၃ စေ့
သံပရာသီး – ၁ စိတ်
ပြုလုပ်နည်း
၁။ လွယ်ကူတဲ့နည်းအဖြစ် နွားနို့ခဲကို အသုံးပြုထား
ခြင်း ဖြစ်ပါတယ်။ ဇလုံတစ်လုံးထဲ နွားနို့ခဲကို လက် ဖြင့် ကြေအောင် ခြေထားပါ။
၂။ ဂျုံမှုန့်၊ နို့မှုန့်နှင့် ဆော်ဒါတို့ကို ထည့်ပြီး သမအောင် နယ်ပါ။
၃။ အားလုံးသမအောင် နယ်ပြီးပါက အသားကြိတ် စက်ဖြင့် မွနေအောင် ကြိတ်ပါ။(ကြိတ်စက်အဆင် မပြေလျှင် လက်ဖြင့်ကြေညက်နေအောင် ခြေပေးဖို့ လိုပါတယ်။)
၄။ ကြိတ်ပြီးပါက အနေတော်အလုံးလေးများကို ချော မွေ့နေအောင် ဖွဖွလုံးပေးပါ။
၅။ လုံးနေစဉ် တစ်ဖက်မှ သကြားရည်ကျိုထားပေးပါ။ သကြားရည်ကျိုမည့်အိုးထဲ သကြား၊ ဖာလာစေ့၊ ရေ နှင့် သံပရာသီးတို့ကိုညှစ်ပြီး ဆူပွက်အောင် ကျိုပါ။
၆။ သကြားပျော်သွားပါက မီးလျှော့ပြီး ၁၀ မိနစ်ခန့် တည်ထားပါ။ သကြားရည်ကို လက်ဖြင့်ကိုင်၍ စမ်း ကြည့်ပြီး စေးပျစ်သည့်အနေအထားရပါက မီးပိတ် ထားပါ။
၇။ ပြီးလျှင် ဆီအိုးတည်ပြီး လုံးထားတဲ့ မလိုင်လုံးလေး များကို ထည့်၍ နီညိုရောင်သန်းသည်အထိ ကြော် ပါ။ အရောင်ညီစေရန် အဆက်မပြတ်မွှေပါ။
၈။ နီညိုရောင်သန်းပါက ဆယ်ယူ၍ ဆီစစ်ပြီး အသင့် ကျိုပြီးသား သကြားရည်ပူပူထဲမှာ စိမ်ထားပါ။
၉။ လက်ကျန် မလိုင်လုံးများကိုလည်း အထက်ပါ အတိုင်း ကြော်ပြီး သကြားရည်ထဲမှာ စိမ်ပါ။
၁၀။ အားလုံးကြော်၍ စိမ်ပြီးပါက သကြားရည်အိုးကို ပြန်လည်အပူပေးပါ။(ဆူပွက်ဖို့ မလိုပါ။) ပူလာပါက မီးပိတ်ပြီး အဖုံးအုပ်၍ မလိုင်လုံးများ သကြားရည် စုပ်သွားအောင် ၂ နာရီခန့် စိမ်ထားပြီး ၂ ဆခန့် ပွလာ ပါက အအေးခံ၍ နူးအိချိုစိမ့်နေတဲ့ မလိုင်လုံးများကို တည်ခင်းသုံးဆောင်နိုင်ပါပြီ။
Mawa ခဲ အစား နွားနို့ခဲကို အသုံးပြုပြီး ပြုလုပ်ထား ပါသဖြင့် နွားနို့ခဲမရှိပါက Mawa ခဲဖြင့် ပြုလုပ်ပါ။
Mawa ခဲကို အိမ်မှာပြုလုပ်လိုပါက နွားနို့ကို အိုးထဲ ထည့်ပြီး မီးအေးအေးဖြင့် ခန်းခြောက်သည်အထိ အဆက်မပြတ်မွှေ၍ အအေးခံပြီး ပြုလုပ်နိုင်ပါ တယ်။ ကြာချိန်က ၁ နာရီခွဲခန့် ဖြစ်ပါတယ်။
နို့ခဲပြုလုပ်နည်းမှာ သီးသန့်ပို့စ်တင်ထားပြီး ဖြစ်ပါ တယ်။
နို့ခဲမှ ရေပါဝင်မှုအပေါ် မူတည်၍ အရမ်းခြောက်ပြီး လုံးလို့မရမှသာ နို့အနည်းငယ်ထည့်၍ နယ်ပေးပါ။ ပုံမှန်အနေအထားမှာ ဘာမှထပ်ထည့်ရန် မလိုပါ။
ကြိတ်ပြီးသား မလိုင်ကို လုံးရာမှာ အက်ရာမပေါ် အောင်နဲ့ ချောမွေ့နေအောင် လုံးဖို့ လိုအပ်ပါတယ်။ အက်ရာထင်ပါက ကြော်နေစဉ်မှာ ကွဲသွားတတ်ပါ တယ်။
လုံးတဲ့အခါ ဖွဖွလုံးပါ။ ဖိလုံးပါက ကျစ်ခဲပြီး အချို ရည်ဝင်ဖို့ ကြာမြင့်တတ်ပါတယ်။
ကြိတ်စက်မသုံးဘဲ ပြုလုပ်ပါက ကြေအောင် ခြေပေး ပါ။ အရမ်းမနယ်ရပါ။ မာကျစ်နေတတ်ပါတယ်။
ကြော်နေစဉ်မှာ တစ်ဖက်မှ သကြားရည်အသင့် ဖြစ်ပြီး ပူနွေးနေပါစေ။ အေးနေတဲ့ သကြားရည်ထဲ ထည့်မိပါက မလိုင်လုံးက သကြားရည်ကို မစုပ်ယူ နိုင်ပါ။
ကြော်ပြီးသား မလိုင်လုံးကို ဆယ်ယူ၍ ဆီစစ်ပြီး ချက်ချင်းသကြားရည်စိမ်ပါ။