မုန့်လက်ကောက်

by ဆန်းဆန်းဦး for Food Magazine

မုန့်လက်ကောက်လုပ်မယ်ဆိုရင်တော့ –

ကောက်ညှင်းဆန်  –  ၄ ဘူး

ငစိန်ဆန်  –  နို့ဆီဘူး ၁/၂ ဘူး

ထန်းလျက်  –  ၂၅ ကျပ်သား

နေကြာဆီ  –  ၃၀ ကျပ်သား

ဆား  –  အနည်းငယ်

ပြုလုပ်နည်း

          ပထမဆုံး ကောက်ညှင်းဆန်နှင့် ငစိန်ဆန်ကို ရောပြီး  ၁ ည ရေစိမ်ရပါမယ်။ ပြီးလျှင် မုန့်နှစ်ရအောင် ဆန်ကို ကြိတ်ဆုံမှာကြိတ်ပြီး အိတ်တစ်ခုခုနဲ့ထည့်၍ ငရုတ်ဆုံ၊ ကျောက်ပျဉ်စသည့် အလေးအပင်များနဲ့ဖိပြီး ရေစစ်ထားရပါမယ်။ ရေစစ်သွားတဲ့အခါ အဲဒီမုန့်နှစ်တွေကို ဆားလေးဖြူးပြီး ပျော့သွားအောင် နယ်ရပါမယ်။ မုန့်နယ်ပြီးလို့ ပျော့သွားတဲ့ မုန့်နှစ်တွေကို မုန့်လက်ကောက်တစ်ခုစာ မုန့်အလုံးလေးတွေ လုံးထားရပါမယ်။ အဲဒီနောက် ဆီအိုးထဲမှာ ဆီခပ်များများ ထည့်ပြီး ဆီကျက်တဲ့အခါ စောစောက လုံးထားတဲ့ မုန့်လုံးလေးတွေကို တစ်လုံးစီယူပြီး အရှည်လေးဖြစ်အောင် လက်နှစ်ဖက်နဲ့ လှိမ့်ကာ အချောင်းရှည်လေးရလာတော့မှ တစ်ဖက်နဲ့တစ်ဖက် ထိပ်ချင်းဆက်ပြီး အဝိုင်းခွေလေးအတိုင်း ဆီအိုးထဲမှာ ထည့်ကြော်ရပါမယ်။ အဲဒီလိုကြော်တဲ့အခါ ဆီအိုးပြည့်တဲ့ အထိ မုန့်လက်ကောက်အခွေလေးတွေ ထည့်ကြော်နိုင်ပါတယ်။ တစ်ဖက်က ရဲလာလျှင် ဝါးတုတ်အချွန်လေးနဲ့ တစ်ဖက်ကိုလှန်ပေးပြီး အရောင်ရဲကာ အကျက်ညီလာတဲ့အခါ ဝါးတုတ်လေးနဲ့ ဆယ်ယူပြီး ဆီစစ်ထားရပါမယ်။ ထန်းလျက်ကို ရေ ၁ ဘူးနဲ့ ရောကျိုပြီး အရည်ပျော်စမှာ အဝတ်နဲ့ သဲစစ်ရပါမယ်။ ပြီးတော့မှ ခပ်ပျစ်ပျစ် ညောင်စေးမကျတကျ ဖြစ်အောင် ကျိုရပါမယ်။

          ဆီစစ်သွားတဲ့အခါ မုန့်လက်ကောက် ပူပူနွေနွေးြွကပ်ြွကပ်မွမွလေးများကို ထန်းလျက်ရည်လေးနဲ့တို့ပြီး အရသာရှိရှိ ချိုချိုဆိမ့်ဆိမ့်လေး သုံးဆောင်နိုင်ပါတယ်။ တချို့ကတော့ မုန့်လက်ကောက်ကို ထန်းလျက်ရည်စိမ်ပြီး ]မုန့်ချိုသွင်း}လို့ ခေါ်ဝေါ် စားသုံးကြပါတယ်။

Facebook Comments

Menu