မြိတ်ကတ်ကြေးကိုက်

Facebook Comments

ပါ၀င္ပစၥည္းမ်ား

ပါဝင်ပစ္စည်းများ

ညှပ်ခေါက်ဆွဲဖတ်     – ၁၅ ကျပ်သား

ရေစာများ (ပုစွန်၊ ကင်းမွန်၊ ပြည်ကြီးငါး)  – ၁၅ ကျပ်သား

ပအုန်းရည်     – စားပွဲဇွန်း ၁ ဇွန်း

ငရုတ်သီးခွဲခြမ်း    – စားပွဲဇွန်း ၁/၂ ဇွန်း

ပဲပြုတ်        – စားပွဲဇွန်း ၂ ဇွန်း

ငံပြာရည်        – စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်နီ       – ၁ ဥ

ကြက်သွန်ဖြူ         – ၅ တက်

ပဲပင်ပေါက်        – လက်တစ်ဆုပ်

ဆီ       – စားပွဲဇွန်း ၃ ဇွန်း

ကြက်ဥ     – ၁ လုံ

ပဲငံပြာရည်အနောက်       – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ခ်က္နည္း

ကြော်နည်း

ရေစာများကို ရေဆေးသန့်စင် အနေတော်လှီးထားပါ။ ကြက်သွန်နီ လှီးထားပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်ထားပါ။ ပဲပင်ပေါက် ရေဆေး ရေစစ်ထားပါ။ ပအုန်းရည်နှင့် ငရုတ်သီးခွဲခြမ်းကို ရောမွှေထားပါ။ ကြော်တော့မယ်ဆိုရင် ကြက်သွန်ဖြူ/နီ ဆီသတ်ပါ။ နွမ်းပြီး မွှေးလာရင် ရေစာများ ထည့်ပါ။ ရေစာများကို အကြာကြီးမကြော်ဘဲ တင်းလာသည်နှင့် မုန့်ဖတ်ထည့်ကြော်ပါ။ ငံပြာရည်၊ ပဲငံပြာရည်၊ ပအုန်းရည်နှင့် မွှေထားသော ခွဲခြမ်းများ ထည့်ကြော်ပါ။ ညှပ်ခေါက်ဆွဲဖတ်ခပ်တင်းတင်းဖြစ်ပြီး ရေဓာတ်ကုန်အောင် ကြော်မှ ပိုစားကောင်းပါတယ်။ ညှပ်ခေါက်ဆွဲဖတ်တွေ တင်းလာရင် အရသာမြည်းပါ။ လိုအပ်ပါက ဆားအနည်းငယ်ထည့်ပါ။ ပဲပြုတ်ထည့်ပါ။ နောက်ဆုံးမှ ပဲပင်ပေါက်အုပ်ပြီး အရသာရှိသော မြိတ်ကတ်ကြေးကိုက် ရပါပြီ။