မှိုကန်စွန်းခရုဆီကြော် (Morning Glory with Straw Mushroom in Ouster Sauce)

by Chef Sunny for Food Magazine

ဒီလအတွက် ပရိသတ်ကြီးကို ထပ်မံဖော်ပြပေးလိုက်တဲ့ ဟင်းလျာလေးကတော့ လူကြိုက်များတဲ့ “မှိုကန်စွန်းခရုဆီကြော်” လေးပါပဲဗျာ။ ထမင်းပူပူလေးနဲ့ အလွန်လိုက်ဖက် သလို အမြည်းဟင်းလျာအနေနဲ့လည်း အလွန်လူကြိုက်များပါတယ်။ ကောက်ရိုးမှိုနဲ့ ပြင်ဆင်နိုင်သလို အခြားသော မှိုမျိုးစုံတို့ဖြင့်လည်း လိုက်ဖက်ပါတယ်။ တရုတ်အစားအစာ ပြင်ဆင်နည်းလေးကို အခြေခံထားတာမို့ ရိုးရှင်းပြီး အရသာထူးတဲ့ ဟင်းလျာလေးပါ။ ကဲ… အစဉ်အမြဲစွဲစေမယ့် ]မှိုကန်စွန်းခရုဆီကြော်} လေး ချက်လိုက်ကြရအောင်…။ OK…

ပါဝင်ပစ္စည်းများ

ကန်စွန်းရွက်-  ၁၆၀  ဂရမ်

ကောက်ရိုးမှို-  ၈၀ ဂရမ်

ကြက်သွန်ဖြူ-  ၁၅ ဂရမ်

ခရုဆီ-  ၂ ဇွန်း

ဟင်းချက်ဆီ-  ၃ ဇွန်း

ကြက်ပြုတ်ရည်-  ၈၀ မီလီလီတာ

နှမ်းဆီမွှေး –  ၅ ဂရမ်

ရှမ်းငရုတ်နီအမျှင်ပါးပါး-  ၅ ဂရမ်

ပြုလုပ်နည်း

၁။        ကောက်ရိုးမှိုကို ထက်ခြမ်းလှီးဖြတ်ပြီး ကြက်သွန်ဖြူ၊ ဟင်းချက်ဆီတို့နှင့် ဆီသတ်ထားပါ။

၂။         ကန်စွန်းရွက်ကို ရေနွေးထဲမှာ ၁ မိနစ်ခန့်ထည့်ပြုတ်ပြီး ကောက်ရိုးမှို၊ ခရုဆီ၊ ကြက်ပြုတ်ရည်တို့နှင့် ရောကြော်ပါ။

၃။        ကန်စွန်းရွက်နူးလျှင် နှမ်းဆီမွှေးအုပ်ပြီး ရှမ်းငရုတ်နီ အမျှင်ပါးပါး အနည်းငယ်အုပ်၍ တည်ခင်းပါ။

Facebook Comments

Menu