
ကလေးတို့အကြိုက် ကြက်တောင်ပံ ခရုဆီလေးပေါ့။ ဒီဟင်းက ကျွန်မသား ကြီးရဲ့ အကြိုက်ဟင်း၊ ထုံးစံအတိုင်း သမီးငယ် ဒီဒီကတော့ အသားမစားတော့ ကြက်ဥလေးတွေ ရွေးစားတာပေါ့။ ကျွန်မကတော့ အလွန်စိတ်ချမ်းသာပါတယ်။ သူတို့ နှစ်ယောက်လုံး အကြိုက် အပြင်ကို ကျွန်မချက်ရတာ အလွန်လွယ်လို့ပါ။ ဒီဟင်းလေးက မွှေးလည်း မွှေးပါတယ်ရှင်။
► ပါဝင်ပစ္စည်းများ
♦ ကြက်တောင်ပံ – 1kg
♦ သကြားညို (သို့) သကြား – စားပွဲဇွန်း ၁ ဇွန်း
♦ ကြက်သွန်မြိတ် – ၁ ချောင်း
♦ ကြက်သွန်ဖြူ ဥကြီး – ၁ ဥ
♦ ကြက်ဥ (သို့) ဘဲဥ – ၃ လုံးခန့် (ပြုတ်ပြီးသား)
♦ ပဲငံပြာရည်အချို – စားပွဲဇွန်း ၁ ဇွန်း
♦ နှမ်းဆီမွှေး – အချိုဇွန်း ၁ ဇွန်း
♦ အသားမှုန့် – စားပွဲဇွန်း ၁ ဇွန်း
♦ ဆား – အနည်းငယ်
♦ ငရုတ်ကောင်း – အနည်းငယ်
♦ တရုတ်မဆလာ – အနည်းငယ်
♦ ခရုဆီ – စားပွဲဇွန်း ၃ ဇွန်း
► ပြုလုပ်နည်း
၁။ ကြက်တောင်ပံလေးများကို အရင်းပိုင်းပဲ ဖြတ်ယူလိုက်ပါတယ်။ လက်ဖျံပိုင်း အငယ်ကို ဖယ်ထုတ်ပစ်လိုက်ပါ။
၂။ အိုးတစ်လုံးထဲတွင် ဆီအနည်းငယ်ထည့်ပြီး ကြက်တောင်ပံလေးများနဲ့ သကြားကို လှော်ပေးနေပါတယ်။ ရဲလာတဲ့အထိ လှိမ့်ပေးနေပြီးရင် သကြားပျော်ပြီး ရဲလာပါပြီ။ ပဲငံပြာရည်ထည့်ပေးပါ။
၃။ ရေကို မြုပ်ယုံထည့်ပြီး ကြက်သွန်ဖြူဥကြီး၊ ကြက်သွန်မြိတ်၊ ကြက်ဥပြုတ်တို့ ထည့်ပြီး အဖုံးအုပ်တည်ပေးပါ။ ဆား၊ အသားမှုန့်တို့ကိုလည်း ထည့်ပေးပါ။ တောင်ပံနူးပြီး ကြက်ဥလည်း ညိုညိုလေးတွေ ဖြစ်နေပြီဆိုရင် နှမ်းဆီမွှေးဖြူး၊ ငရုတ်ကောင်း၊ ခရုဆီ၊ တရုတ် မဆလာအုပ်ပြီး သုံးဆောင်ပါ။
http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet