
ဒီလအတွက် ထပ်မံဖော်ပြပေးလိုက်တဲ့ ဟင်းလျာလေးတစ်မျိုးကတော့ “ရွှေပဲသီး၊ ပြောင်းဖူးငယ်နှင့် ပင်လယ်စာခရုဆီကြော်” လေးပါပဲ။ အလွန်လိုက်ဖက်ညီတဲ့ ဟင်းသီး ဟင်းရွက် နှစ်မျိုးဖြစ်တဲ့ ရွှေပဲသီးနဲ့ ပြောင်းဖူးငယ်တို့ကို ပုစွန်၊ ကင်းမွန်ငါးတို့နဲ့ ရောကြော်ထားတဲ့ အာဟာရပြည့်ဝပြီး အနံ့အရသာထူးခြားတဲ့ ဟင်းလျာလေးပဲ ဖြစ်ပါတယ်။ တရုတ်အစားအစာပြင်ဆင်နည်းနဲ့ ရိုးရိုးလေးပြင်ဆင်ထားတာမို့ ပရိသတ်ကြီးလည်း အားရကျေနပ်မှုရစေမယ်လို့ ယုံကြည်ပါတယ်ဗျာ။ ကဲ… ရိုးရှင်းပြီး အရသာ ထူးခြားတဲ့
“ရွှေပဲသီး၊ ပြောင်းဖူးငယ်နှင့် ပင်လယ်စာခရုဆီကြော်” လေး ချက်ကြည့် ကြရအောင်…OK…
by Chef Sunny for Food Magazine
ပါ၀င္ပစၥည္းမ်ား
ရွှေပဲသီး- ၈၀ ဂရမ်
ပြောင်းဖူးငယ်- ၈၀ ဂရမ်
ပုစွန်- ၈၀ ဂရမ်
ကင်းမွန်အကွင်း- ၈၀ ဂရမ်
ခရုဆီ- ၂ ဇွန်း
ကြက်သွန်ဖြူ- ၁၅ ဂရမ်
ကြက်ပြုတ်ရည်- ၅၀ မိီလီလီတာ
နှမ်းဆီမွှေး- အနည်းငယ်
ဟင်းရွက်ဆီ- ၃ ဇွန်း
ရှမ်းငရုတ်နီအမျှင်- အနည်းငယ်
ခ်က္နည္း
၁။ ပုစွန်နှင့် ကင်းမွန်အကွင်းတို့ကို ကြက်သွန်ဖြူဓားပြားရိုက်ပြီး ဟင်းရွက်ဆီနှင့် မွှေးလာသည်အထိ ဆီသတ်ကြော်ထားပါ။
၂။ ရွှေပဲသီးနှင့် ပြောင်းဖူးငယ်လေးများကို ၂ မိနစ်ခန့် ပြုတ်ပြီး ပင်လယ်စာဖြင့် ရောကြော်ထားပါ။
၃။ ခရုဆီနှင့် ကြက်ပြုတ်ရည် ရောထည့်ပြီး ၂ မိနစ်ခန့် ချက်၍ နှမ်းဆီမွှေးအုပ်ပြီး အဆုံးသတ်ပါ။
၄။ ရှမ်းငရုတ်နီအမျှင် အနည်းငယ်ဖြင့် အလှဆင်တည်ခင်းပါ။