လက်ဖက်ရည်နှင့် ထောပတ်သီးရှိတ် (Tea and Avocado Shake)

by Syi Lwin Foods Garden for Food Magazine

          ထောပတ်သီးကို လက်ဖက်ရည်ပျစ်ပျစ် ဖန်ဆိမ့်ဆိမ့်လေးနဲ့ အတူတွဲဖျော်ရတဲ့ အရသာက တစ်မျိုးထူးခြားသလို အရသာကလည်း အံ့အားသင့်စေပါတယ်။ ဖျော်သောက်ကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

ထောပတ်သီး  –  ၂ လုံး (အသားများ ခြစ်ထုတ်ထားပါ)

နို့စိမ်း  –  စားပွဲဇွန်း ၅ ဇွန်း

နို့ဆီ  –  စားပွဲဇွန်း ၃ ဇွန်း

နွားနို့  –  ၁ ခွက်

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

လက်ဖက်ရည်  –  ၂ ထုပ် (အသင့်ဖျော်ထုပ် Authentic Myanmar Tea)

ရေခဲတုံး  –  ၁ ခွက်

ပြုလုပ်နည်း

၁။       ထောပတ်သီးကို ထက်ခြမ်းခြမ်းပြီး အစေ့ထုတ်ပါ။ ဇွန်းဖြင့် အသားများ ခြစ်ထုတ်ပါ။

၂။       ကြိတ်စက်ထဲ ထောပတ်သီး၊ ဆား၊ နို့စိမ်း၊ နို့ဆီ၊ နွားနို့နှင့် လက်ဖက်ရည်ထုပ်များ ထည့်ပြီး မွှေပါ။ ရေခဲတုံးများကို ဖန်ခွက်ထဲ ထည့်ပြီး ချက်ချင်းသောက်သုံးပါ။

Facebook Comments