
ဝက်နားရွက်သုပ်ဆိုတာကတော့ ကျွန်မအိမ်မှာ အမြဲလိုလိုရှိတဲ့ အရာပေါ့။ တစ်ပတ်မှာ ၃ ခါလောက်ကို ထပ်စားချင်ရင် လုပ်ပေးရတယ်။ သူက အဲဒါကို အလွန်ကြိုက်ပေါ့။ အိမ်ရှင်မတွေလည်း ကိုယ့်အိမ်ဦးနတ် အပြင်မသွားဘဲ အိမ်ထဲမှာ ဘီယာသောက်ချင်ရင် ဒါလေးကို သုပ်ပေးလိုက်ပါ။ သူတို့တွေ အကြိုက်ပေါ့။ ကျွန်မတို့ လန်ဒန်မှာ ဝက်နားရွက်က သုပ်စားဖို့ အဆင်သင့်ရှိတတ်ပါတယ်။ တရုတ်ဆိုင်မွှျာနေိပြေိန ဝယ်ရုံပဲ။ ကြာညို့နဲ့ နယ်ပြီး ပြုတ်ပြီးသားပေါ့။ ရန်ကုန်မှာ မရလွယ်ရင်တော့ ဝက်နားရွက်တွေကို သန့်စင်ပြီး ဆား၊ သကြား၊ ကြာညို့စတာတွေနဲ့ ၁ နာရီခန့် စိမ်ထားပါ။ ခဏကြော်ပြီးမှ ရေမြုပ်အောင်တည်ပြီး ဆယ်ထားပါ။ အအေးခန်းထဲ ခဲထားပြီး လိုရင်ထုတ်ကာ နွှေးပြီး အလွယ်တကူသုပ်စားနိုင်ပါတယ်။
► ပါဝင်ပစ္စည်းများ (၁ပွဲစာ)
♦ ဝက်နားရွက် – ၁ ခု (ပြင်ဆင်ပြီးသား)
♦ ကြက်သွန် – ၁ လုံး (အသေး)
♦ င ရုတ်သီးစိမ်း – ၁ တောင့်
♦ ကြက်သွန်ဖြူဆီချက် – စားပွဲဇွန်း ၁ ဇွန်း
♦ ငရုတ်ဆီဆော့စ် – စားပွဲဇွန်း ၁ ဇွန်း
♦ သံပရာ – ၁ ခြမ်း
♦ ဆား၊ – အသားမှုန့်၊ ငံပြာရည် (နှစ်သက်သလို)
♦ သခွားသီး – ၁ ခြမ်း
♦ နံနံပင် – လက်တစ်ဆုပ်
► ပြုလုပ်နည်း
၁။ သခွားသီးကို အချောင်းလေးများ ဖြစ်အောင် ခြစ်ထားပါ။
၂။ ကြက်သွန်နီ ပါးပါးလှီးထားပေးပါ။ ဝက်နားရွက်ကို သင့်တော်သလို တုံးလှီးထားပါ။
၃။ စတင်ပြင်ဆင်သုပ်တော့မယ်ဆိုရင် အထက်ပါ ပါဝင်ပစ္စည်းများမှ သခွားသီး အခြစ်လေးများမှ လွဲ၍ ကျန်အရာများကို ဇလုံတစ်ခုထဲ ထည့်ပြီး ရောသုပ်ပေးပါ။ အားလုံး နှံ့ပြီဆိုမှ သခွားသီးကို ထည့်ကာ မွှေပေးပါ။ သခွားသီးနောက်ဆုံးမှ ထည့်မွှေခြင်းမှာ သခွားသီးလေးများကို စားတဲ့အခါ ကြွပ်ကြွပ်လေးမဖြစ်ဘဲ ပျော့နေမှာဆိုးလို့ပါ။(အပေါ့အငန်မြည်းကာ ပြင်ဆင်တည်ခင်းပြီး စားသုံးနိုင်ပါပြီ)
http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet